32.1 C
Yangon

ကော့ကရိတ်၊ လောင်းကိုင်ကျေးရွာအုပ်စုကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၊ ကန့်ဘလူတွင် ၆ တန်းကျောင်းသား မောင်သုတဇော်ကို စစ်တပ်က ပစ်သတ်

Must read

ကော့ကရိတ်၊ လောင်းကိုင်ကျေးရွာအုပ်စုကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၊ ကန့်ဘလူတွင် ၆ တန်းကျောင်းသား မောင်သုတဇော်ကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လောင်းကိုင်ကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း KNU ဒူးပလာယာခရိုင် ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၁၁ နာရီ ၄၆ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် ခလရ- ၉၇ တပ်ရင်း လက်အောက်ခံ အမြှောက်ကုန်းမှ ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ လောင်းကိုင်ကျေးရွာအုပ်စု အတွင်းသို့ ၁၂၀ မမ ၅ လုံး၊ ဟောင်ဝစ်စာ ၄ လုံးဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် နောင်တလာကျေးရွာမှ ပြည်သူပိုင် နေအိမ်တစ်ခြမ်း၊ စပါးကျီ ၁ လုံး၊ Probox ကား ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ မီးစက် ဂျင်ဒေါင်း ၁ လုံး၊ ဒိုင်နမို ၁ လုံး ပျက်စီးခဲ့ပြီး ပြည်သူများ မွေးမြူထားသည့် နွား ၁ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးပင်သာရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ၆ တန်းကျောင်းသား မောင်သုတဇော်ကို ပစ်သတ်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူ များထံမှ သိရသည်။

ဒီဇင်ဘာ ၁၉ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဇီးပင်သာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာရှိ ပြည်သူများ ထွက်ပြေး တိမ်းရှောင်စဥ် မောင်သုတဇော်သည် ၎င်းနေအိမ် အိမ်သာအနီး၌ ပုန်းနေစဥ် အကြမ်းဖက် စစ်တပ်မှ စစ်သားများက ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၆ တန်းကျောင်းသား မောင်သုတဇော်သည် သေနတ်ပစ်ခတ် ခံရသည့် နေရာ၌ပင် သေဆုံးခဲ့ကြောင်း၊ ပျူစောထီးများကလည်း ပြည်သူပိုင် နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ပစ်ခတ်ခံရတဲ့ ကလေးက စစ်ကောင်စီကဖွင့်တဲ့ ကျောင်းမှာ တက်နေတယ်လို့လဲသိရတယ်။ အိမ်သာနားမှာ ပုန်းနေတာကို တွေ့သွားပြီး ပစ်သတ်ခံရတာတဲ့ မောင်သုတဇော်တို့ နေအိမ်ပါ။ စစ်တပ်က မီးရှို့သွားတယ်လို့ သိရတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article