40.9 C
Yangon

ကော့ကရိတ်-မြဝတီ လမ်းဟောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ မြင်းမူတွင်လည်း စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၁ ဦးသေဆုံး

Must read

ကော့ကရိတ်-မြဝတီ လမ်းဟောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ မြင်းမူတွင်လည်း စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်း အမှတ် ၃ ဂိတ် (ချက်ပွိုင့်ဂိတ်)တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင်ကော့ကရိတ်-မြဝတီ လမ်းဟောင်း အမှတ် ၃ ဂိတ်၌ ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အရပ်သား ပစ်မှတ်များကို အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးသေဆုံးခဲ့ကြောင်း People Defence Force Myinmu-MMPDF ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက် နေ့လည် ၁ နာရီခန့်က ရက်ကာလကြာရှည်စွာ ထီးဆောင်ကျေးရွာ၌ တပ်စွဲထားသော အင်အား ၇၀ ကျော်ခန့်ရှိ တပ်မ ၃၃ နှင့် တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက်စစ် သား များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း၊ မြင်းမူမြို့နယ်၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (MMUPDF) ၊ Zero Power- Myinmu ၊ GTR –MMU ၊ စစ်ကိုင်းခရိုင် အမှတ် (၆)တပ်ရင်း တပ်ခွဲ ၁ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ NDRF နှင့် မြင်းမူမြို့နယ် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article