36 C
Yangon

ကျောက်ဆည်တွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ သပိတ်ကျင်းမြို့ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်

Must read

ကျောက်ဆည်တွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ သပိတ်ကျင်းမြို့ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မန္တလေး-ကျောက်ဆည် လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း GARUDA PEOPLE’S DEFENCE FORCE အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွက် မန္တလေးမြို့မှ ကျော်ဆည်မြို့ဘက်သို့ မောင်းနှင်လာသည့် စစ်ကား ၃ စီးကို GARUDA PEOPLE’S DEFENCE FORCE အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦး ​ေစကစ တပ်သား ၆ ဦးသေဆုံးပြီး စစ်ကား ၁ စီး ပျက်စီးသွားကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို GARUDA PEOPLE’S DEFENCE FORCE အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောကင်း GARUDA PEOPLE’S DEFENCE FORCE အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေး၊ သပိတ်ကျင်းမြို့၊ တကောင်း အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခဲ့ကြောင်း PDF Kyarhnyat အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် သပိတ်ကျင်းမြို့နယ်၊ တကောင်း အကြမ်းဖက် စစ်တပ် စစ်ဆေးဂိတ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၄၀ မမ များ၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင် သေးကြောင်း သိရသည်။

“တကောင်း စကစ စစ်ဆေးရေး ဂိတ်ကို ၄၀ မမ ၂ ချက်၊ လက်နက်ငယ် တွေနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ်။ စကစဂိတ်မှာရှိတဲ့ ခွေးတွေ ထိခိုက်မှုများပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု PDF Kyarhnyat အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article