40.9 C
Yangon

ကျောက်ပန်တောင်း၊ ပန်းကြိုင်ရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး၊ မုံရွာမြို့ပေါ်တွင် သီရိရတနာဈေးမှ စည်ပင် စျေးခေါင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကျောက်ပန်တောင်း၊ ပန်းကြိုင်ရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး၊ မုံရွာမြို့ပေါ်တွင် သီရိရတနာဈေးမှ စည်ပင် စျေးခေါင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မန္တလေးတိုင်း၊ ကျောက်ပန်တောင်းမြို့နယ်၊ ပန်းကြိုင်ရွာ အုပ်ချုပ်ရေးမှူး မြသိန်း ပစ်ခတ်တိုက်ခိုက် ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျောက်ပန်တောင်းမြို့နယ်၊ ပန်းကြိုင်ရွာ အုပ်ချုပ်ရေးမှူး မြင့်သိန်းကို ဒေသခံ ပြောက်ကျားတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၄ ချက်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ (နတ်မောက်)၊ Magway Guerrilla Warfare (မကွေး) တပ်ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူး မြသိန်းသည် ပြည်သူ များအပေါ် ဒုက္ခပေးခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်နေကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သီရိရတနာဈေးမှ မြို့နယ်စည်ပင်ဌာနခွဲ၊ စျေးခေါင်း အောင်ဇော်ဝင်းကို အမည်မသိ လက်နက်ကိုင်တချို့က ဝင်ရောက်ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

“စျေးခေါင်းက အသံတိတ်သပိတ်တုန်းက စစ်တပ်နဲ့ပေါင်းပြီး‌ စျေးသည်တွေကို ခြိမ်းခြောက်တာမျိုးလုပ်ခဲ့ဖူးတယ်။ အခုလည်း စစ်တပ်နဲ့ရဲတွေဆီကို ပုံမှန် ဝင်ထွက်သွားလာနေတာ။ ဝင်ပစ်သွားတာက နေ့လယ်အချိန် ရုံးထဲ ဝင်ပစ်သွားတာ” ဟု စျေးသည်တစ်ဦးက ဆိုသည်။

ဓာတ်ပုံ- မုံရွာမြို့ပေါ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသော စည်ပင်စျေးခေါင်း အောင်ဇော်ဝင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article