27 C
Yangon

ကျေးလက် သူပုန် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

Must read

ကျေးလက် သူပုန် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ကနီမြို့နယ်တွင် ကျေးလက် သူပုန် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ချီတက် ဆန္ဒပြပွဲတွင် “ထုကိုစုစည်း၊ ထုနဲ့တိုက်၊ ထုနဲ့ဖြို၊ ထုနဲ့တည်ဆောက်” စာသားကိုင်ဆောင်ကာ “ငါတို့အိမ် သာပြာကျမယ်၊ ငါတို့တော်လှန်စိတ် ဘယ်တော့မှပြာမကျဘူး” ကြွေးကြော် သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

” ဒီရက်ပိုင်းအတွင်းမှာ တော်လှန်ရေးရဲ့ အဓိကတိုင်းဒေသကြီးလို့ဆိုရမယ့်စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ် စတဲ့အညာဒေသအသီးသီးမှာ စစ်ကောင်စီရဲ့လူမဆန်စွာ ညှင်းပန်း သတ်ဖြတ် မီးရှို့ခဲ့သောရွာများ ပို၍တိုးလာတာကို ကျနော်တို့တွေ တွေ့မြင်လာရပါတယ်။ ဒီလို ရက်စက်မှုများဟာ တော်လှန်ရေးအစကနေ ယခုအချိန်ထိ တည်မြဲနေတယ်ဆိုတာဟာလည်း ကျနော်တို့ပြည်သူလူထု မျက်မြင်ကိုယ်တွေ့ တွေ့မြင်နေကြရတာလည်းဖြစ်တယ်။ တောင်သူလယ်သမား၊ အလုပ်သမားလူတန်းစားအပါအဝင် အဖိနှိပ်ခံလူထုတရပ်လုံးဟာ ကိုယ်တွေ့မျက်မြင် ကြုံတွေ့နေရတဲ့ ဒုက္ခတွေအားလုံးကို ယခုအချိန်ထိ တော်လှန်နေတယ်ဆိုတာလည်း ကျနော်တို့တော်လှန်ရေးကြီးရဲ့ အားတက်စရာတခုဖြစ်ပါတယ်” ဟု သပိတ် စစ်ကြောင်း ဦးဆောင်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article