36 C
Yangon

ကြာအင်းဆိပ်ကြီးရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မရဲစခန်းကို ယမန်နေ့ ညပိုင်း နှင့် ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ၂ ကြိမ်လာရောက်ဗုံးကျဲမှုဖြစ်ပွားပြီး ရဲစခန်းမှ ၄ ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီအချိန်နှင့် ဒီဇင်ဘာလ ၂၁ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ဒရုန်းဖြင့် ကြာအင်းဆိပ်ကြီး မြို့နယ် မြို့မ ရဲစခန်းအား ဒရုန်းဖြင့် ဗုံးများ လာကျဲချသွားကြောင်း သိရှိရသည်။

” ဒီနေ့ မနက် ၁၀ နာရီခွဲမှာ တစ်ကြိမ်၊ မနေ့ည ၇ နာရီက တစ်ကြိမ် ဒရုန်းနဲ့ ဗုံးလာကျဲတယ်။ ” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ကြာအင်းဆိပ်ကြီးမြို့ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှုနှင့်ပတ်သက်၍ တော်လှန်ရေး ရဲဘော်တစ်ဦးကမူ “ဗုံးကျဲ ပြီး မနက်ကျတော့ ဖရဲသီးလှမ်းပြောတာ။ ၄ ကောင် သေ ၈ကောင်ဒဏ်ရာရတယ်။ ရဲစခန်းထဲနေတဲ့ မိသားစု ဝင်တွေ ထိခိုက် သေ ဆုံး တာလည်း ဖြစ် နိုင် တယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article