32.1 C
Yangon

ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီနှင့်အေးနေဝင်း တပည့် ထိန်လင်းက ယနေ့ ရန်ကုန် ဗြိတိန် နှင့် အမေရိကန် သံရုံးရှေ့ ဆန္ဒပြပွဲ စီစဉ်ပြီး ကြံ့ဖွတ်၊ တစည ပါတီ၊ ရွှေပြည်သာ စစ်မှုထမ်းဟောင်းများ ပါဝင်၊ သံရုံးများ နှင်ထုတ်ရေးလှုပ်ရှားမှု စမည်ဟုဆို

Must read

ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီနှင့်အေးနေဝင်း တပည့် ထိန်လင်းက ယနေ့ ရန်ကုန် ဗြိတိန် နှင့် အမေရိကန် သံရုံးရှေ့ ဆန္ဒပြပွဲ စီစဉ်ပြီး ကြံ့ဖွတ်၊ တစည ပါတီ၊ ရွှေပြည်သာ စစ်မှုထမ်းဟောင်းများ ပါဝင်၊ သံရုံးများ နှင်ထုတ်ရေးလှုပ်ရှားမှု စမည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးရှေ့တွင် ကုလသမဂ္ဂနှင့် အ နောက် နိုင်ငံများကို ဆန့်ကျင် ဆန္ဒပြပွဲများ ယနေ့ ပြုလုပ်သွားပြီး ယင်းဆန္ဒပြ ပွဲကို စီစဉ်သူမှာ ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီနှင့် အေးနေဝင်း၏ တပည့်ဖြစ်သူ ထိန်လင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန် သံရုံး ရှေ့တွင်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ကမ်းနားလမ်းရှိ ဗြိတိန်သံရုံး ရှေ့တွင်လည်းကောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ် ချက်ကို ကန့်ကွက်ကြောင်း၊ အမေရိကန်နှင့် ဗြိတိန်တို့၏ မြန်မာနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

“ဆန္ဒပြပွဲကို စီစဉ်တာက ခင်ရီနဲ့ အေးနေဝင်းတပည့်အရင်း အရင်က ကြံ့ဖွတ် ပါတီဝင် ထိန်လင်းက စီစဉ်တယ်။ ကြံ့ဖွတ်၊ တစည (တိုင်းရင်းသား စည်းလုံး ညီ ညွတ်ရေးပါတီ) ပါတီဝင်တချို့ပါတယ်။ ရွှေပြည်သာ စစ်မှုထမ်းဟောင်းတွေ ပါတယ်။ အမျိုးသားရေးသမားတချို့လည်းပါတယ်။ အဲဒါကတော့ အတိအကျ သူတို့ အထဲကနေ သတင်းပေးတာပါ။ အဲဒီပွဲအပြင် အမေရိကန်သံရုံးနဲ့ ဗြိတိန် သံရုံးကို မြန်မာနိုင်ငံထဲကနေ နှင်ထုတ်ဖို့ လှုပ်ရှားမှု ကမ်ပိန်းတွေပါ လုပ်ဖို့ရှိ တယ်လို့သိရပါတယ်” ဟု မဘသအဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ပြီး ယခုအခါ နွေဦး တော်လှန် ရေး ထောက်ပို့တပ်သားအဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ပါဝင် နေသူ ကိုဟိဏ်းဝေယံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ရန်ကုန်ရှိ ဗြိတိန်သံရုံးနှင့် အမေရိကန်သံရုံးရှေ့ ဆန္ဒပြပွဲ စီစဉ်သူ ထိန်လင်းသည် ကြံ့ဖွတ်ပါတီဝင်အမာခံ ဟောင်းဖြစ်ပြီး ခင်ရီ၏ တပည့်အရင်းဖြစ်ကြောင်း၊ အေးနေဝင်း၏ လူယုံတစ်ဦးတွင်လည်း ပါဝင်ပြီး အမျိုးသားရေး၊ မဘသ လှုပ် ရှားမှု ခေါင်းဆောင်များကို အေးနေဝင်းနှင့်ချိတ်ဆက်ပေးခြင်း၊ ခင်ရီနှ င့်ချိတ် ဆက်၍ အမျိုးသားရေး လှုပ်ရှားမှုများ ၊ စစ်တပ်ထောက်ခံပွဲများကို ဦးစီး စီစဉ် ခဲ့သူဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ကျွန်းလှမြို့နယ်၏ တသီး ပုဂ္ဂလ အမတ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော အမေရိကန်နှင့်ဗြိတိန်သံရုံးရှေ့ ဆန္ဒပြပွဲ များကို စစ်ကောင်စီဘက်က လုံခြုံရေး စီစဉ်ပေးခဲ့ပြီး လူ ဦးရေ ၂၀ ကျော် ဝန်းကျင်ဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရန် အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ NDAA တွင် မြန်မာနိုင်ငံဆိုင်ရာ ပြဋ္ဌာန်းချက် များကို ပြဋ္ဌာန်းထားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်လည်း ဗြိတိန်နိုင်ငံက ဒေါ် အောင် ဆန်း စုကြည် ကို လွှတ်ပေးရန်၊ စစ်ကောင်စီ၏ အကြမ်း ဖက် မှုများ ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို အဆိုတင်သွင်း အတည်ပြု ချမှတ်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article