26 C
Yangon

ခင်ဦးနှင့် သပိတ်ကျင်းတို့တွင် စစ်သားနှင့်ပျူစောထီးများကို တိုက်ခိုက်မှုဖြစ် ပွားပြီး ၆ ဦးသေဆုံး

Must read

ခင်ဦးနှင့် သပိတ်ကျင်းတို့တွင် စစ်သားနှင့်ပျူစောထီးများကို တိုက်ခိုက်မှုဖြစ် ပွားပြီး ၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တို့တွင် စစ်သား နှင့်ပျူစောထီးများကို တိုက်ခိုက်မှုဖြစ်ပွားပြီး ၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကိုင်းတိုင်း ခင်ဦးမြို့လယ် ဗိုလ် ချုပ် ကြေးရုပ်အနီး ဒလန် မင်းသိုက်၏ တိုက်တွင် တပ်စွဲထားသည့် စစ် သားနှင့် ပျူစောထီးများက ဘူတာပန်းခြံကန်သို့ ငါးဖမ်းပိုက်များ ဖြုတ် ယူရန် လာ ရောက် စဉ် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေ ဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ခင်ဦး မြို့ပြပျောက်ကြား (UG) အဖွဲ့က ပြောသည်။

မိုင်းဆွဲမှုကြောင့် သေဆုံးသွားသော စစ်သားနှင့် ပျူစောထီး ၃ ဦးကို ယမန်နေ့ ညနေ ၅ နာရီကျော်တွင် ခင်ဦးတောင် သုသာန်တွင် မီးသဂြိုလ်သွားကြောင်း သိရှိ ရသည်။

ထို့ပြင် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း ၊ ပြင်ဦးလွင်ခရိုင် ၊ သပိတ်ကျင်းမြို့နယ် ၊ပုဏ္ဏားကြီး (ပျူစောထီး)ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးသွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ပြောသည်။

ထိုတိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့် Nine PDF တပ်ဖွဲ့တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့များက အသာစီး ရယူနိုင်ခဲ့ကြောင်း၊ ပျူစောထီးများထံမှ တူမီး‌ သေနတ် ၂ လက်၊ လက်လုပ် ပွိုင့်တူးတူး ၁ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပြီး တော် လှန်ရေး ရဲဘော် ၂ ဦး ( မစိုးရိမ်ရ ) ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article