26 C
Yangon

ခန္တီးနှင့် သရက်ချောင်းမြို့နယ်တို့တွင် ရဲ ၄ ဦးနှင့် စစ်သား ၁ ဦး လက်နက် အပြည့် အစုံ ဖြင့် ထွက်ပြေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန်စီပွန် ကျောက်စိမ်းမှော်အထက်ဆိပ် ရဲကင်း စခန်းမှ ရဲတပ်သား ၄ ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နန်စီပွန် ကျောက်စိမ်းမှော်အထက်ဆိပ် ရဲကင်း စခန်း မှ ရဲတပ်သား ၄ ဦးသည် လက် နက် အပြည့်အစုံ ယူဆောင်ပြီး ထွက် ပြေး သွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲတပ်သား ၄ ဦးကို စစ်သားများပါ အင်အား အလုံးအရင်းဖြင့် ဝိုင်းဝန်း ရှာဖွေနေပြီး ကျောက်မျက် ကုမ္ပဏီများမှ လုံခြုံရေးများကိုပါ ဝိုင်းဝန်းရှာဖွေ ခိုင်းကြောင်း၊ ယင်း ရဲတပ်သား ၄ ဦးကို လက်ရှိချိန်ထိ ရှာဖွေနိုင်ခြင်း မရှိသေး ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရွှေဂူရွာတံတား၌ ဂိတ်စောင့် နေသည့် စစ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြောင်း နယ်မြေခံ သတင်းရင်း မြစ်များထံမှ သိရသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းတွင် ရွှေဂူရွာ တံတားဂိတ်စောင့်နေသည့် ခမရ – ၄၀၅ တပ်ရင်းမှ စစ်သားတစ်ဦး လက်နက် အပြည့်အစုံဖြင့် ထွက်ပြေးသွား ကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်သားအား ဖမ်းဆီး ရရှိရန် ဥတ္တူ၊ သင်း ကျွန်း၊ သရက်နှစ်ခွနှင့် ကျောက်လှေကားရွာများရှိ ဥယျာဥ်ခြံများထဲ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြားဖြင့် တောနင်းရှာ ဖွေနေ ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article