37 C
Yangon

ချင်းတွင်းမြစ်တွင် စစ်ရေယာဥ်အုပ်စုကို ပစ်ခတ် တိုက်ခိုက်၊ ခင်ဦး၊ ရေနံ ချောင်း နှင့် မန္တလေးတွင် စစ်တပ် တပ်စွဲနေရာများကို ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

ချင်းတွင်းမြစ်တွင် စစ်ရေယာဥ်အုပ်စုကို ပစ်ခတ် တိုက်ခိုက်၊ ခင်ဦး၊ ရေနံ ချောင်း နှင့် မန္တလေးတွင် စစ်တပ် တပ်စွဲနေရာများကို ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများ ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း Peace Takers Task Force အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း၌ မောင်းနှင် လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘော ၃ စီးကို Peace Takers Task Force – PTTF နှင့် The Brightness Monywa မဟာမိတ် ညီနောင်နှစ်ဖွဲ့က ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိပါတယ်။ အရေအတွက်တော့ အတိ အကျ မသိရှိရသေးပါဘူး။ စစ်ခွေးတွေဘက်က လက်နက်ကြီး လက်နက် ငယ်တွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပေမယ့် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Peace Takers Task Force အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ မြန်မာ့ စီးပွားရေး ဘဏ်တွင် တပ်စွဲထားသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးကြောင်း No More Dictatorship People Defense Force – NMD အဖွဲ့က ပြောသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ခန့်တွင် အောင်မြေသာစံမြိုနယ် ၂၆ ဘီလမ်း၊ ၈၅လမ်း ၈၆လမ်းကြားရှိ မြန်မာ့ စီးပွားရေးဘဏ် ၃ ရှေ့၌ တပ်စွဲ ထားသော စစ်သားနှင့် ရဲများကို ပြောက်ကျား ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို VOMDY-Front Worrior နှင့် No More Dictatorship People Defense Force _ NMD တို့က တိုက်ခိုက် ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ရေးဂိတ် ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Royal Tiger Guerrilla Force အဖွဲ့က ပြောသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ခင်ဦးမြို့ပေါ် လမ်းသုံးခွရှိ စစ်တပ် သတင်းပေး ဒလန် မင်းသိုက် နေအိမ်ဘေးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို Royal Tiger Guerrilla Force အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ ဘန်ကာဘေးမှာ အပြုံလိုက်ရှိတုန်း ဘေးကို ကျတာ အထိ အခိုက်ရှိနိုင်တယ်။ အရေအတွက် မသိရသေးဘူး။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဒရုန်း ဆုံးရှုံးခဲ့ရတာတွေ လက်နက် အင်အားမပြည့်စုံမှုကြောင့် ယာယီ Mission တွေ ရပ်နားထားရပါတယ်။ ပြည်သူတွေ အနေနဲ့ လှူဒါန်းမှုတွေ ဆက်လုပ် ပေးဖို့ တောင်းဆိုပါတယ်” ဟု Royal Tiger Guerrilla Force မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ရေနံချောင်း EPC ရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက် ခဲ့ကြောင်း People’s Defense Force Yenang yaung အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ရေနံချောင်း EPC ရုံးကို People’s Defense Force Yenang yaung နှင့် Hunter Dragon Group ၊ ဖေကံကောင်းအဖွဲ့၊ Chauk Guerrilla Force လက်ပစ်ဗုံးပစ်သွင်း တိုက် ခိုက်ခဲ့ပြီး 9 mm ကျည်ဖြင့် သတိပေး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ရေနံချောင်းမြို့နယ် EPC ရုံးသည် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများကို မီတာခ ဆောင်ရန် အတင်းအဓမ္မ လိုက်လံကောက်ခံနေခြင်းကြောင့် သတိပေး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article