32 C
Yangon

ဂန့်ဂေါရဲစခန်းမှ ရဲတပ်သားတစ်ဦးနှင့် ကယားအခြေစိုက် စစ်ကောင်စီ ဆေး တပ်မှ တပ်သား တစ်ဦး CDM ပြုလုပ်

Must read

ဂန့်ဂေါရဲစခန်းမှ ရဲတပ်သားတစ်ဦးနှင့် ကယားအခြေစိုက် စစ်ကောင်စီ ဆေး တပ်မှ တပ်သား တစ်ဦး CDM ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မကွေးတိုင်း၊ ဂန့်ဂေါမြို့နရဲစခန်းမှ ရဲတပ်သား စွမ်းလင်းထက်သည် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်နက်ခဲယမ်းများနှင့်အတူ CDM လုပ်ကာ ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာ ဝန်ထမ်းဆောင် လို ခြင်း မရှိသဖြင့် G3 သေနတ် တစ်လက်၊ ကျည်ဘောက် အပိုတစ်ခု၊ G3 ကျည် ၅၂ တောင့်နှင့်အတူ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့(မြိုင်) MRGF ထံ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ခိုလှုံလာသော ရဲတပ်သား မောင်စွမ်းလင်းထက်ကို ကျေးလက် ဒေသ ပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ ကျပ်သိန်း ၁၀၀ ဂုဏ်ပြု ချီးမြှင့် ကာ လုံခြုံစိတ်ချရသော နေရာသို့ ပို့ဆောင် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အလားတူ ကယားပြည်နယ်၊ လွိုင်ကော်အခြေစိုက် ဆေးတပ် (ဆတရ)မှ တပ် သား မောင်ငြိမ်းချမ်း (ခ) ဖိုးလပြည့်သည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် KDF တပ် ဖွဲ့ ထံသို့ CDM ပြုလုပ်ကာ အလင်းဝင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင် လို ခြင်း မရှိသဖြင့် ပြည်သူ့ရင်ခွင်ထံ ခိုလှုံခွင့်တောင်းခံခဲ့ရာ Karenni Democratic Front (KDF)က စိစစ်ပြီး ခိုလှုံခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား များအနေဖြင့် ပြည်သူ့ရင်ခွင်ထံ ခိုလှုံခြင်း သည် တော်လှန်ရေးအောင်မြင်နိုင်ရေး အတွက် ထိရောက်မှုရှိသော ကြောင့် လက်ကမ်းကြိုဆိုနေမည်ဖြစ် ကြောင်း KDF က ထုတ်ပြန်ထားသည်။

Photo – ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)ထံ CDM ပြုလုပ်ခဲ့သော ရဲတပ်သား စွမ်းလင်းထက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article