32 C
Yangon

ငါန်းဇွန်၊ ဆုံရွာရှိ ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ချင်းတွင်းမြစ်အတွင်း စစ်တပ် ရေယာဥ် ၁ စီးကို ပစ်ခတ် တိုက်ခိုက်

Must read

ငါန်းဇွန်၊ ဆုံရွာရှိ ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ချင်းတွင်းမြစ်အတွင်း စစ်တပ် ရေယာဥ် ၁ စီးကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်၊ ဆုံရွာတွင်တပ်စွဲထားသော ပျူစောထီးအဖွဲ့ကို PDF တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၃ ဦး သေဆုံးခဲ့ကြောင်း The Value of Youn Men အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ငါးဇွန်မြို့နယ်၊ ဆုံရွာတွင်တပ်စွဲထားသော ပျူစောထီးအဖွဲ့ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၃ ဦး သေဆုံးကာ ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို The Value Of Youn Men (တောင်သာ)၊ Voice Of Mandalay (Vomdy) ၊ MGN Tiger (မြင်းခြံခရိုင်တပ်ရင်း ၂ ) ၊ MGN II ၊ Myingyan Twenty One Guerilla Force – MTGF (မြင်းခြံခရိုင်တပ်ရင်း ၂ )၊ နောင်ရိုးပြောက်ကျားတပ်ဖွဲ့၊ YSO ISA (ရေလည်ကျွန်းဒေသ ပြောက်ကျား တပ်ဖွဲ့၊ Wolf Brothers PDF ၊ Liberation Army of Central Region (LACR) တို့ပူးပေါင်းကာတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ချင်းတွင်းမြစ်အတွင်း ဖြတ်သန်းမောင်းနှင်နေသည့် အကြမ်းဖက် စစ်တပ် ရေယာဥ် ၁ စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi G-Z People’s Defence Force အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မုံရွာ-အလုံချင်းတွင်း တံတားထိပ် မင်းဒေါင့် ဆိပ်ကမ်းမှ စုန်ဆင်း လာသော အကြမ်းဖက် စစ်တပ် ရေယာဥ် ၁ စီးကို Salingyi G-Z People’s Defence Forceနှင့် မဟာမိတ်ညီနောင်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi G-Z PDF တပ်ဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article