30 C
Yangon

ငါ့သရောက်မြို့နယ်ခွဲ EPC ရုံးကို PDF က ဝင်ရောက်စီးနင်းစဉ် လက်နက် အပ်သော ရဲ ၁ ဦးကို စစ်တပ်က စစ်ကြောရေးတွင် သတ်ဖြတ်၊ ငါ့သရောက် ရဲများ အားလုံးကို မသင်္ကာမှုဖြင့် စစ်ဆေးနေပြီး နယ်ပြောင်းရွှေ့မည်ဟုဆို

Must read

ငါ့သရောက်မြို့နယ်ခွဲ EPC ရုံးကို PDF က ဝင်ရောက်စီးနင်းစဉ် လက်နက် အပ်သော ရဲ ၁ ဦးကို စစ်တပ်က စစ်ကြောရေးတွင် သတ်ဖြတ်၊ ငါ့သရောက် ရဲများ အားလုံးကို မသင်္ကာမှုဖြင့် စစ်ဆေးနေပြီး နယ်ပြောင်းရွှေ့မည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ၊ ငါ့သရောက်မြို့နယ်ခွဲ လျှပ်စစ်မန်နေဂျာ ရုံးကို PDF တပ်ဖွဲ့များက ဝင်ရောက် စီး နင်း တိုက်ခိုက်ခဲ့ပြီး လက်နက် ၁ လက် အပ်လိုက်သော ရဲတပ်ဖွဲ့ဝင် ၁ ဦးကို စစ်တပ်က စစ်ကြောရေးတွင် သတ်ဖြတ် လိုက်ကြောင်း Bagan Ogre Force (P.D.F) တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခဲ့တွင် ညောင်ဦးခရိုင် တပ်ရင်း ၅ က ဦးဆောင်ပြီး ငါ့သရောက်မြို့နယ် ခွဲ လျှပ်စစ် မီတာရုံးကို ဝင်ရောက် တိုက် ခိုက် ခဲ့ကာ အူဇီ သေနတ် ၁ လက်၊ ဖုန်း ၆ လုံး၊ လက်တော့ ၁ လုံးနှင့် အခြား ပစ္စည်း များ သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အတွက် ငါ့သရောက် မြို့နယ် ခွဲ လျှပ်စစ်မီတာရုံးကို လုံခြုံရေး‌ စောင့်နေသည့် ရဲ ၂ ဦးကို စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ရဲ ၁ ဦးမှာ စစ်ကြောရေးတွင် စစ်တပ်၏ သတ်ဖြတ်မှု ကြောင့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၂၃ ရက်နေ့ တို့ ငါ့သရောက် EPC ဝင်သိမ်း တုန်း အူဇီ လက်နက် အလွယ်တကူ ပေးလိုက်တဲ့ ငါ့သရောက် ရဲစခန်း က EPC စောင့် ရဲခွေးကို စစ် တပ်က ဖမ်းသွားပြီး စစ်ကြောရေး မှာ သတ်လိုက်ပါတယ်။ ငါ့သရောက် နယ် မြေခံ ရဲခွေးတွေ ကို စစ်တပ်က မသင်္ကာမှုနဲ့ စစ်ဆေး တာတွေ လုပ်နေတယ်။ နောက်ပြီး ငါ့သရောက် နယ်ခံ ရဲခွေး တွေကို အခြား မြို့ ပို့မယ်လို့ အတွင်း သတင်း ရရှိပါတယ်” ဟု Bagan Ogre Force (P.D.F) တပ်ဖွဲ့ မှ တာဝန်ရှိသူက ရှင်းပြသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ငါ့သရောက်မြို့နယ်ခွဲ မြို့မ ရဲစခန်းကို PDF တပ်များက တိုက်ခိုက်ရာ စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦး သေဆုံး ပြီး လက်နက် ၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article