28 C
Yangon

စစ်ကိုင်းတိုင်းမြို့နယ်၊ ဆားတောင်ရှိ ကျေးရွာ ၅ ခုမှ လူနေအိမ် ၇၀၇ လုံးကို စစ်တပ်က မီးရှို့ပြီး အဘွားအို အပါအဝင် ပြည်သူ ၃ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့၊ စစ်ရှောင် ပြည်သူ ၃၅၀၀ နီးပါး အရေးပေါ် အကူအညီလို

Must read

စစ်ကိုင်းတိုင်းမြို့နယ်၊ ဆားတောင်ရှိ ကျေးရွာ ၅ ခုမှ လူနေအိမ် ၇၀၇ လုံးကို စစ်တပ်က မီးရှို့ပြီး အဘွားအို အပါအဝင် ပြည်သူ ၃ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့၊ စစ်ရှောင် ပြည်သူ ၃၅၀၀ နီးပါး အရေးပေါ် အကူအညီလို

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်းမြို့နယ်၊ ဆားတောင်နယ်ရှိ ကျေးရွာ ၅ ခုမှ လူနေအိမ် ၇၀၇ လုံးကို စစ်တပ်က ဖျက်ဆီး ပြီး အသက် ၈၀ အရွယ် အဘွားအို အပါအဝင် ပြည်သူ ၃ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း‌ ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်၍ စစ်ကိုင်းမြို့နယ်၊ ဆားတောင်နယ်၊ မိုးသောက်ကျေးရွာအုပ်စုရှိ လင်းယဉ်၊ မိုးသောက်၊ရှမ်းကုန်း၊ကုန်းကြီး၊လင်းယဉ်ရွာသစ်ကျေးရွာများကို တပ်မ ၃၃ တပ်နှင့် ညောင်ငုတ် တို ရွာမှာ ပျူစောထီးများက ပစ်ခတ်စီးနင်း၀င်ရောက်စီးနင်း မီးရှို့ခဲ့ရာ ပြည်သူပိုင် လူနေအိမ် ၇၀၇ လုံးမီးလောင် ပျက်စီးခဲ့ရ ကြောင်း သိရှိရသည်။

ထို့ပြင် လင်းယာဉ်ကျေးရွာမှ အသက် ၈၀ အရွယ် ဒေါ်အေးမြိုင်၊ လင်းယာဉ်ကျေးရွာမှ ဦးဖိုးထူး အသက် ၃၉ နှစ် ၊ မိုးသောက်ကျေးရွာမှ ဦးမင်း ၃၈ နှစ် တို့ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ် သွားကြောင်း သိရှိရသည်။

ထို့အတူ စစ်တပ်က ရှမ်းကုန်းကျေးရွာမှ ၀က် -၅ကောင်၊ နွား- ၁ ကောင် ၊ ဆိတ်- ၂၆ ကောင် တို့ကို သတ်ဖြတ်သွားပြီး ကုန်းကြီးကျေးရွာမှ နွား ၁ ကောင်၊ လင်းယာဉ်ရွာသစ်မှ နွား ၁ကောင်နှင့် လင်းယာဉ်ရွာမှ နွား ၁ကောင်တို့ကိုလည်း မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် ကျေးရွာ ၅ ခုမှ စစ်ဘေးရှောင်လူဦးရေ ၃၄၅၉ ဦး တောထဲ၌နေထိုင်နေရပြီး အရေးပေါ် ရိက္ခာ၊စောင်၊ဆေးဝါး၊ လိုအပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article