38 C
Yangon

စစ်ကိုင်းနှင့် တနင်္သာရီတွင် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၃၀ ကျော်သေဆုံးဟုဆို

Must read

စစ်ကိုင်းနှင့် တနင်္သာရီတွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၃၀ ကျော်သေဆုံးဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ခင်ဦးမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် တနင်္သာ ရီတိုင်း ထားဝယ်မြို့နယ် တို့တွင် စစ်တပ် စစ်ကြောင်းများကို မိုင်းဆွဲ ခြင်း၊ ပစ် ခတ် တိုက်ခိုက်ခြင်းများ PDF တပ်များက လုပ်ဆောင်ခဲ့ရာ စစ်သား ၃၃ ဦး သေဆုံး ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ကောလင်းတွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

====================================

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွာဟောင်းရွာတွင် စစ်ကောင်စီတပ် နှင့်ဒေသပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Kawlin Revolution –KR က ရန်ကုန်ခေတ်သစ်သတင်း ဌာနသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၄ နာရီခန့်အချိန် ကောလင်းမြို့နယ်၊ ရွာ ဟောင်း ရွာတွင် ညအိပ်တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ကော လင်း မြို့နယ်ပြည်သူ့ ကာကွယ်ရေးက စတင်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ နံနက် ၇ နာရီ ခန့်အထိ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ် ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အထိနာ သွားသော စစ်တပ်က ရွာဟောင်းရွာကို မီးရှို့ဖျက်ဆီးပြီး ကပ်လျက်ရှိသော သဲကော ရွာကိုလည်း ယနေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် စတင်မီးရှို့ခဲ့ကြောင်း သိရသည်။

စစ်တပ်က သဲကောရွာအား မီးရှို့နေစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်နေ ကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၄ နာရီခန့်အချိန် စစ်တပ်က ကြာအင်း၊ သဒွတ်ခုံ ရွာဘက်မှ ဝန်သိုမြို့ဘက်သို့ ပြန်ဆုတ်သွားကြောင်း၊ ထိုသို့ပြန်ဆုတ်စဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်၊စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂၁ ဦးသေဆုံး

=============================

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဇီးကုန်းသကြားစက်မှ ထွက်လာသော စစ် ကြောင်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၇ ဦးသေဆုံး ခဲ့ကြောင်း Khin U –Dynamite Squad ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အင်အား ၅၀ ကျော်ဖြင့်ထွက်လာသော အကြမ်းဖက်စစ်သားများကို ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၂ ဦးကျော် သေဆုံးခဲ့ကြောင်း၊ ထပ်မံ၍ ရှေ့ဆက် တိုးလာသော အကြမ်းဖက်စစ်သားများကို လက်နက်ကြီး၊ လက်နက် ငယ် များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Khin U – Dynamite Squad အဖွဲ့က တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ အနေဖြင့် ခင်ဦး-ကန့်ဘလူလမ်းမကြီးကို အသုံး ပြုသွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြော ဆိုသည်။

အလားတူ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းရွာမှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်း ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ကျေးရွာမြောက်ဘက်သို့ ထွက် ခွာလာစဥ် “တို့ညီနောင် မဟာမိတ် အင်အားစုအဖွဲ့” (နယ်မြေခံ ပကဖ) က အသင့်စောင့်ဆိုင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်း၊ ညောင်ပင်ဝန်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

===============================

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ယနေ့ ဒီဇင်ဘာလ ၂၈ ရက် ညနေ ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက် နယ်စွန် PDF ထံမှ သိရသည်။

စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မ ၃၃ လက် အောက်ခံ တပ်သားများက စစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးနေသဖြင့် ယင်း စစ်ကြောင်း ပြန်လှည့်လာစေရန် တိုက်နယ်စွန် PDF နှင့်မဟာမိတ် များအဖွဲ့က ညောင်ပင်ဝန်းရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

PDF များက ရဲစခန်းကို လက်နက်ကြီးဖြင့် ၂ ချက်ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး ရဲစခန်း အတွင်းရှိ စစ်တပ်က စနိုက်ဘာ၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ ညနေ ၆ နာရီခန့်တွင် ဗိုလ်မိုးကြိုးအဖွဲ့ နှင့်ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း တိုက်နယ်စွန် PDF အဖွဲ့က ထုတ်ပြန်ထားသည်။

ထားဝယ်တွင် စစ်ယာဉ်တန်းနှင့်ရဲစခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

======================================

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာအနီး လမ်းကွေ့တွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် သရက်ချောင်းဖက်မှ ပုလောသို့ ဆင်းလာသည့် စစ်ကား ၃ စီးကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့​ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ၊ သေဆုံးသွားသော စစ်သား အလောင်းများကို စာသင်ကျောင်းရှေ့၌ ပုံထားကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ပကာရီရဲစခန်းကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက ၄၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article