40.9 C
Yangon

စစ်ကိုင်းနှင့် မင်းကင်းမြို့နယ်ရှိ ပျူစောထီးရွာနှစ်ရွာကို PDF တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်၊ ထီးချိုင့်ဘက် စစ်ကူလာသည့် စစ်ကောင်စီဝင်များလည်း မိုင်းဆွဲတိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ(ပျူစောထီး)ရွာရှိ အကြမ်းဖက်စစ်သားပျူစောထီးများကို မနေ့ က ဒီဇင်ဘာလ ၁၂ ရက် နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Demo Pauk Kwe(ဒီမိုပေါက်ကွဲ)PDF တပ်ဖွဲ့မှ မဟာမိတ်တပ်ဖွဲ့များဖြင့် ပူးပေါင်း ကာ ၆၀ မမ လက်နက်ကြီး ၃၅ လုံး၊ မဟာမိတ်တပ်ဖွဲ့မှ လက်နက်ကြီး အလုံး (၁၀၀)ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Demo Pauk Kwe(ဒီမိုပေါက်ကွဲ)PDF ထံက သိရသည်။

“စခ ထိခိုက်သေဆုံးတာရှိနိုင်ပါတယ်၊ အခုလို တိုက်ခိုက်နိုင်အောင် Farmers Revolution Force – မုံရွာ ခရိုင်တပ်ရင်း (၈)က နည်းပညာအကူအညီပေးထားပါတယ်။ ဒီထက် ပိုမိုတော်လှန်နိုင်ဖို့ မိဘပြည်သူ တွေ အနေနဲ့ တတ်နိုင်သမျှ ကူညီပေးပါကြလို့ မေတ္တာရပ်ခံပါတယ်ဗျ” ဟု Demo Pauk Kwe(ဒီမိုပေါက် ကွဲ) PDF က ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇနဗျင်းကျေးရွာအနီးတဝိုက်၌ ကင်းပုန်းဝပ်နေသော အကြမ်း ဖက်စစ်သား ပျူစောထီးများအား ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းက ဝင်ရောက်ရှင်းလင်း တိုက်ခိုက်ခဲ့ကြောင်း Independence Army – IA ထံမှ သိရသည်။

ဇနဗျင်း(ပျူစောထီး)ရွာတွင် တပ်စွဲပြီး ဒေသခံပြည်သူများကို ဒုက္ခပေးနေသော အကြမ်းဖက်စစ်သား၊ ပျူ စောထီးများကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၅ ၊ တပ်ခွဲ ၃ (ကနီ) (IA – KGF) ၊ မင်းကင်းတပ်ရင်း ၄ နှင့် သံမဏိ Force – MPDF တပ်ခွဲ ၊ မဟူရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့မှ အီနာဂါ ၊ ၈၀ မမ၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်၊ မြတောင်လမ်းဆုံမှ ထီးချိုင့်ဘက်သို့ စစ်ကူလာသည့် အကြမ်း ဖက် စစ်ကောင်စီဝင်များကို ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Special.9.HPDF က သတင်း ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီဝင်များသည် မြတောင်လမ်းဆုံမှ ကားသေးတစ်စီး ၊ ၆ ဘီးကားတစ်စီးဖြင့် ထီး ချိုင့် ဘက်သို့ ထွက်စဉ် ကက္ကူသင်္ချိုင်းအနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် မိုင်း ဆွဲချိန်၌ ကားသေးအနည်းငယ်ထိခိုက်ကာ နှစ်စီးလုံးရပ်သွားချိန်၌ ဒုတိယအကြိမ်မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဝင်များ ထိခိုက် အကျအဆုံးများနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရှိရ သည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီဝင်များသည် ၁၀ မိနစ်ခန့် ပြန်မတုံ့ပြန်နိုင်ဘဲ ငြိမ်ကျသွားပြီးမှ ပြန်လည် ပစ်ခတ်ကာ မြတောင်လမ်းဆုံသို့ ပြန်ခေါက်သွားခဲ့ကြောင်း၊ မြတောင်လမ်းဆုံရောက်မှ မိုင်း ဆွဲခံရ သည့် နေရာသို့ လက်နက်ကြီး လက်နက်ငယ်များနှင့်လှမ်းပစ်ခတ်ခဲ့ကြောင်း ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း Special.9.HPDF အဖွဲ့မှ သတင်းထုတ်ပြန်သည်။

Photo – ပုံဟောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article