31 C
Yangon

စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် ခရီးသည်တင်ကားကို စစ်တပ်က ပစ်ခတ်သဖြင့် ပြည် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

Must read

စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် ခရီးသည်တင်ကားကို စစ်တပ်က ပစ်ခတ်သဖြင့် ပြည် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် ပြည်သူများ လိုက်ပါလာသည့် ခရီးသည်တင်ကားကို စစ်တပ်က ပစ်ခတ်ခဲ့ သောကြောင့် ပြည် ၁ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်း မှန်ပြန် ကြားရေး အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှရွာ ဇရပ်အနီးတွင် စစ်ကိုင်း တပ်မ ၃၃မှ မြင်းမူဘက်သို့ မောင်းနှင်လာသည့် စစ်ကား မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် စစ်ကားကို ကျော်တက်ရန် ကြိုးစားနေသည့် ပြင်ဦးလွင် – မုံရွာ – နေပြည်တော် ပြေးဆွဲနေသည့် ဟိန်းစတား ခရီးသည်တင်ကားကို အကြမ်းဖက် စစ်တပ်က စစ်သားများက ဝိုင်းဝန်း ပစ်ခတ် ခဲ့ကြောင်းသိရသည်။

စစ်သားများက ပစ်ခတ်ခြင်းကြောင့် ခရီးသည်တင်ကားတွင် လိုက်ပါလာသည့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ယာဥ်မောင်းမှာလည်း မျက်လုံးကို ကျည်ထိမှန်ခဲ့ပြီး ခရီးသွား အဖွားအို ၁ ဦးလည်း ခြေထောက်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article