29 C
Yangon

စစ်ကောင်စီက ယခုည ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ရုပ်သိမ်းထားကြောင်း လော်စပီကာများဖြင့် ရပ်ကွက်များတွင် လိုက်အော်နေ

Must read

စစ်ကောင်စီက ယခုည ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ရုပ်သိမ်းထားကြောင်း လော်စပီကာများဖြင့် ရပ်ကွက်များတွင် လိုက်အော်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

စစ်ကောင်စီက ယခု ည ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ရုပ်သိမ်းထားကြောင်း အသိပေးသည့် ကြေညာချက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ များက လော်စပီကာများဖြင့် လိုက်အော်နေကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ရန်ကုန်တိုင်းစစ်ကောင်စီက ထုတ်တဲ့ ပုဒ်မ ၁၄၄ နှစ်သစ်ကူးည ညမထွက်ရ အမိန့် ရုပ်သိမ်း တာကို တစ်ညတာ ပယ်ဖျက်ထားတယ်ဆိုတာ လော်စပီ ကာနဲ့ လိုက်အော်နေတယ်။ ခဏခဏ လှည့်ပတ်အော်နေတာ။ ညနေ ၆ နာရီ လောက် ကတည်းက။ အပြင်ထွက်ခိုင်းတဲ့သဘောပေါ့။ အမိန့်စာကိုပဲ အော်နေတာပါ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် နေရာ တွင် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော် (Count-Down Party) ကို စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ် ထား ကြောင်း၊ ယင်းပွဲတော်ကျင်းပမည့် ဒီဇင် ဘာလ ၃၁ ရက်နေ့တွင် မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်းနှင့် စတိတ်ရှိုးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက် ရ အမိန့်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက် ၄ နာရီအထိ တစ်ရက်တာ ခေတ္တ ပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီက အမိန့် ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်းနှင့် နေပြည်တာ်တို့တွင်လည်း ညမထွက်ရ အမိန့်များ ကို နှစ်သစ်ကူးညအတွက် ရုပ်သိမ်းထား ကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ရှိ ဝန်ထမ်းများ အားလုံး အနေ ဖြင့် ယနေ့ ညပြုလုပ်မည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများကို မိသားစုနှင့် အတူ မဖြစ်မနေ တက်ရောက်ရမည်ဖြစ်ပြီး ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ် လွှင့် ချိန်တွင် လူမရှိသကဲ့သို့ လုံး၀ (လုံး၀) မဖြစ်စေရန်၊ စည်ကားနေမှုကို ပြသ ကြ ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ညွှန်ကြားချက်များ ထုတ်ပြန် ထား ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း ပြည်သူ့ရင်ပြင်တွင် ကျင်းပ မည့် ရန်ကုန်တိုင်းစစ်ကောင်စီ၏ နှစ်သစ်ကူးညပွဲသို့ တစ်ရပ်ကွက်လျှင် လူဦး ရေ ၅၀ မဖြစ်မနေ လာရောက်ရန်၊ ကြို/ပို့ကားများ စီစဉ်ထားပြီး လာရောက် သူများကို ငွေကျပ် ၁၀၀၀၀ ပေးမည်ဟု ပြောဆို စည်းရုံးခိုင်းနေကြောင်း သိရှိရ သည်။

မန္တလေးတွင်လည်း တိုင်းစစ်ကောင်စီက စီစဉ်ထားသည့် နှစ်သစ်ကူးည ပျော်ပွဲ ရွှင်ပွဲ ကို မန္တလေး မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ယင်းပွဲ သို့ တက်ရောက်ကြရန် လော်စပီကာဖြင့် ရပ်ကွက်များသို့ လိုက်လံ အသိပေး အော်ဟစ်နေကြောင်း သိရှိရသည်။

စစ်ကောင်စီက နေပြည်တော် ရေပန်းဥယျာဥ် တွင် နှစ်သစ်ကူးပွဲ စီစဉ်ထားပြီး မြန်မာပြည်သိန်းတန်၊ D ဖြိုး၊ ဂျေမိုင်းမိုင်တို့ကို ဖျော်ဖြေရန် ငှားရမ်းထား ကြောင်း၊ ရန်ကုန် ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးပွဲကို ရန်အောင်၊ ရဲအောင်၊ မေသန်းနု၊ ဂျက်မြသောင်း၊ ပြည်မိုး၊ စိန်လင်း၊ ဘုန်းလျှံ၊ လှမျိုးသဉ္ဇာနွယ်၊ ပွင့်နဒီမောင်၊ သဉ္ဇာမြင့်မိုရ်၊ စိုးသီဟ၊ ဝေလျှံ၊ ဂျင်းနီ၊ ဆူဇီ၊ စိုးထက်အောင်၊ ထွန်းပပအောင်၊ ပူတူးနှင့် ပြုံးအသင်္ချေ၊ ယွန်းသီရိကျော်တို့ကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊ မန္တလေး မန္တလာသီရိအားကစားကွင်းတွင် နှစ်သစ်ကူးပွဲ ကျင်းပမည်ဖြစ်ပြီး ချစ်ကောင်း၊ သားစိုး၊ချယ်ရီသင်းအပါအဝင် အဆိုတော် များကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊ နှစ်သစ်ကူးပွဲ အားလုံးကို စစ်ကောင် စီ၏ ဝါဒဖြန့် ရုပ်မြင်သံကြားလိုင်းအားလုံးမှ တိုက်ရိုက် ထုတ်လွှင့်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်း၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်နေသော နှစ်သစ်ကူးည Countdown ပွဲ ယခု ၇ နာရီကျော် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article