36 C
Yangon

စစ်ကောင်စီက ရုရှား ဘက်စုံသုံး Kamov KA-28 Helix ရဟတ်ယာဉ် ၂ စီး၊ SU-30 တိုက်လေ ယာဉ် များ၊ တရုတ် FTC 2000 G လေယာဉ် များကို ထုတ်ပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

စစ်ကောင်စီက လျှို့ဝှက်ဝယ်ယူထားသော ရုရှား တိုက်ခိုက်ရေးနှင့်ဘက်စုံသုံး Kamov KA-28 Helix ရဟတ်ယာဉ် ၂ စီး၊ SU-30 တိုက်လေယာဉ်များ၊ တရုတ် FTC 2000 G လေယာဉ်များကို မင်းအောင်လှိုင်က လေတပ် ၇၅ နှစ် ပြည့် စိန်ရတုနေ့တွင် ထုတ်ပြကြောင်း သိရှိရသည်။

စစ်ကောင်စီ ရုပ်မြင်သံကြား ထုတ်ပြန်ချက်များအရ K8-Helix ရဟတ်ယာဉ် ၂ စီး၊ SU-30 တိုက်လေယာဉ် ၅ စီး ကို မြင်တွေ့ရပြီး တရုတ် FTC 2000 G တချို့ကို သာမြင်တွေ့ရသည်။

စစ်ကောင်စီက ရုရှားထုတ် သယ်ယူပို့ဆောင်ရေးနှင့်တိုက်ခိုက်ရေး နှစ်မျိုးသုံး ရုရှားထုတ် စွမ်းအားမြင့် Kamov KA-28 Helix ရဟတ်ယာဉ် ၂ စီးကို လျှို့ဝှက် ဝယ်ယူခဲ့ပြီး စစ်ကိုင်းတွင် ပြည်သူများကို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ရာတွင် ယင်းရဟတ်ယာဉ်များကို အသုံးပြုခဲ့ကြောင်း ရန်ကုန်ခေတ်သစ်က သတင်း ဖော်ပြခဲ့ပြီးဖြစ်သည်။

အောက်တိုဘာလ ၁၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင် ကျေးရွာအုပ်စုကို စစ်တပ်က ရဟတ် ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်အင် အား ၂၀၀ ခန့်ကို သယ်ယူပို့ဆောင်ခြင်းများ လုပ်ဆောင်ခဲ့ရာ ဒေသခံ များ က ရိုက်ကူးခဲ့သော ရဟတ်ယာဉ်များ ပျံသန်းမှု ဓာတ်ပုံမှတ်တမ်းများ အမြီးတို KA-28 ရဟတ်ယာဉ်တစ်စီးပါဝင်ခဲ့သည်။

” KA-28 ရဟတ်ယာဉ်က ပန်ကာ ၂ ထပ်ဖြစ်တယ်၊ နောက်အမြီးမှာ ပန်ကာ မပါ လို့ ထိန်း သိမ်း ရကောင်းပါတယ်။ မီးခိုး၊ ဖုန်ဒဏ်တွေ ကိုခံနိုင်ရည်မြင့် ပါတယ်။ ရဟတ်ယာဉ် အတွင်းခန်းမှာ စစ်သည် ၁၆ ဦး တင် ဆောင်နိုင်ပြီး တစ်နာရီကို ၂၇၀ ကီလိုမီတာနှုန်းနဲ့ အကွာအဝေး ကီလိုမီတာ ၁၀၀၀ နီးပါး ပျံ နိုင် လို့ နယ်မြေတစ်ခုအတွင်းမှာ တစ်ရွာဝင်တစ်ရွာထွက် အချိန်ပေးပျံနိုင်တယ်။ အမြင့် မီတာ၅၀၀၀ အထိ ပျံတက်နိုင်လို့ လက်နက်ငယ်နဲ့ လှမ်းပစ်လို့မရဘူး။ တပ်ဆင်ထားတဲ့ လက်နက်က ပြောင်း ၄ လုံးတွဲ ၇ ဒသမ ၆၂ မမ စက်သေနတ် မှာ ကျည် ၁၈၀၀ တောင့် ပါ လို့ မြေပြင်ပြစ်မှတ်တွေကိုသေသေချာချာ ချိန်ပစ် လို့ ရသလို အကြာကြီးလည်းပစ်နိုင်တယ်။ စက်သေနတ်ရဲ့ထိရောက် တဲ့အကွာ အဝေး က မီတာ ၁၀၀၀ ဖြစ်ပါတယ်။ ၃၀ မမ စက်အမြောက်တလက်လည်း ကျည် အတောင့် ၂၅၀ နဲ့တပ်ထားပြီး အကွာအဝေး မီတာ၂၀၀၀ ကိုတိကျစွာ ပစ်ခတ် နိုင်တယ်။ အဲဒီပစ်ခတ်မှုက အဝေးဆုံးမီတာ ၄၀၀၀ အထိ ရောက် ပါ တယ်။ ရဟတ်ယာဉ်အပြင်မှာလက်နက်တပ်ဆင်တဲ့ Hard point ၄ နေရာပါ သေး လို့ တင့်ဖျက် ဒုံးကျည်၊ လောင်ချာအစရှိတာတွေ တပ်ဆင်ပစ်လို့ရပါသေး တယ်။ ခြုံငုံပြောရရင် မြေပြင်ပြစ်မှတ်တွေကိုလေကြောင်းအသာစီးယူပြီး အသေး စိတ် စိတ်တိုင်းကျ ပစ်ခတ်ဖို့အတွက် Kamov KA-28 Helix ရဟတ် ယာဉ်တွေကို ရုရှားဆီက လျှို့ဝှက် ဝယ် သုံးတာ” ဟု စစ်ဘက်သတင်းရင်း မြစ်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ရုရှားထံမှ ရေတပ်သုံး Ka 27 ရဟတ်ယာဉ်များ ဝယ်ယူ ရန် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ဝယ် ယူခဲ့သည်ဆိုသော သတင်းများ မ ထွက် ရှိခဲ့ကြောင်း၊ Kamov KA-28 Helix ရဟတ်ယာဉ်များကို လျှို့ဝှက်ဝယ် ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယနေ့ စစ်တပ်က ယနေ့ ပြပွဲတွင် တရုတ်လုပ် FTC 2000 G တိုက် လေယာဉ် တချို့ကို ပြသသည်ကို မြင်တွေ့ရသည်။

“တရုတ်လေယာဉ် FTC 2000 G နမ့်စန် လေတပ်ထဲမှာ ထားတယ်။ တရုတ် တွေ က စာတွေ့ လက်တွေ့ သင်တန်းပေးနေတယ်။ မတပ်ဆင်ရသေးတဲ့ လေ ယာဥ်တွေလည်းရောက်နေတယ်။ စစ်ကောင်စီဘက်က သင်တန်း တက်နေ တဲ့အထဲမှာ အမျိုးသမီး လေယာဉ်မောင်း အရာရှိ ၂ ဦးပါတယ်” ဟု နမ့်စန် လေ တပ်စခန်းမှသတင်းရင်းမြစ်က ပြောသည်။

တရုတ် FTC 2000 G တိုက်လေ ယာဉ် ၆ စီး နမ့်စန် လေတပ် စခန်းဌာနချုပ်သို့ ရောက်ရှိလာသော သတင်းကို ရန်ကုန်ခေတ်သစ်က နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် သတင်းဖော်ပြခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article