28 C
Yangon

စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီက အခြေခံပညာကျောင်းများအတွက် ဘောပင်နှင့်ခဲတံ ဝယ်ယူ မှု တင်ဒါရရှိ၊ စစ်တပ်ဆက်နွယ် ကုမ္ပဏီ ၁၅ ခုလုံး တင်ဒါအောင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

အကြမ်းဖက်စစ်ကောင်စီ၏အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်း များ အ တွက် ဘောပင်နှင့်ခဲတံ တင်ဒါရရှိသွားပြီး စစ်တပ်ကျော ထောက် နောက်ခံကုမ္ပဏီ ၁၅ ခု တစ်နိုင်ငံလုံးအတွက် တင်ဒါရရှိကြောင်း နေပြည်တော်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် ဒေါ်ဥမ္မာမြင့်တွင် သားသမီး ၃ ဦးရှိပြီး ရွှေရည်ဖြိုးပြည့် ကုမ္ပဏီကို သမီးဖြစ်သူ ရွှေရည်ဖူးအောင်ကလည်းကောင်း၊ မင်္ဂလာအောင်မြေကုမ္ပဏီကို သားဖြစ်သူလှိုင်ဘွားအောင်၊ အောင်မြင့်မိုရ် လင်း ကုမ္ပဏီကို သားဖြစ်သူ ဖြိုးအာကာအောင်က လုပ်ကိုင်လျက်ရှိကြောင်း၊ စစ် တပ် နှင့် ဝန်ကြီးဌာနပိုင် လုပ်ငန်းတင်ဒါများကို ဒုဗိုလ်ချုပ်‌ကြီး အောင်လင်း ဒွေး၏ ကုမ္ပဏီများက တောက်လျှောက်ဆိုသလို ရရှိနေကြခြင်း ဖြစ်သည်။

“နေပြည်တော်အခြေခံပညာကျောင်းတွေအားလုံးအတွက် ဘောပင်နဲ့ခဲတံ တင် သွင်းခွင့် တင်ဒါကို အောင်မြင့်မိုရ်လင်း ကုမ္ပဏီကရပါတယ်။ သူတို့တွေက အစိုးရ တင်ဒါ အသေးလေးတွေကစပြီး အကြီးဆုံးတွေအထိ ဝင်ယူကြတယ်။ အပြင်လူကို လုပ်ခွင့်မပေးဘူး။ အခု နေပြည်တော်၊ ပြည်နယ်နဲ့တိုင်း တင်ဒါ ၁၅ခုအတွက် ကုမ္ပဏီ ၁၅ ကို တင်ဒါ ချပေးတာမှာ သူတို့လူတွေချည်းပဲ” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။

နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းအားလုံးအတွက် ဘောပင်နှင့်ခဲတံ တင် သွင်း ခွင့် တင်ဒါများ ချထားပေးရာတွင် ကချင်ပြည်နယ်အတွက် ငွေဗိမာန်၊ ကရင်ပြည်နယ်အတွက် အောင်ဉာဏဖြိုး၊ တနင်္သာရီ တိုင်းအတွက် ရွှေငွေခိုင်၊ ပဲခူး(ရှေ့)အတွက် လင်းသူအောင်၊ မကွေးတိုင်း အတွက် Adapt Advertising ၊ မန္တလေးတိုင်းအတွက် Student’s Guide ၊ မွန်ပြည်နယ်အတွက် မြို့မ၊ ရခိုင် ပြည် နယ်အတွက် Essential Winner ၊ ရန်ကုန်တိုင်းအတွက် Crystal City ၊ ရှမ်းပြည်(တောင်) အတွက် Htoo Thit Tagon, ရှမ်းပြည်(မြောက်) ပိုင်းအတွက် Asia Dragon Intel၊ ရှမ်းပြည်(အရှေ့)အတွက် Thidar Light ၊ ဧရာဝတီ တိုင်းအတွက် ဧရာမော်ကွန်း၊ နေပြည်တော်အတွက် အောင်မြင့်မိုရ် လင်း ကုမ္ပဏီတို့ အသီးသီးရရှိပြီး ဒီဇင်ဘာလ ၇ ရက်နေ့ တင်ဒါလက်မှတ်ထိုးပွဲ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

ပညာရေးဝန်ကြီးဌာနက ၂၀၂၃ – ၂၀၂၄ ပညာသင် နှစ် အခြေခံပညာ ကျောင်း များအတွက် ခဲတံနှင့် ဘောပင်များ ဖြန့်ဝေချထားပေးရန် အိတ်ဖွင့် တင်ဒါ ခေါ် ယူ ရာတွင် ဈေးကွက် ပေါက် စျေး ထက်ပိုမိုတင်ထားသော တင်ဒါများကို ကုမ္ပ ဏီ ၁၅ ခုထံ ချထားပေးပြီး ဝန်ကြီးဌာနနှင့် လုပ် ငန်း ရှင်များ သိန်းသောင်း ချီ အမြတ် ရ ခွဲဝေ ယူကြကြောင်း သိရှိရသည်။

ပညာရေးဝန်ကြီးဌာနက ကျောင်းများတွင် ဝေငှရန် ဘောပင်နှင့်ခဲတံများ တင်ဒါ ခေါ်ယူရာတွင် စျေးကွက်တွင် တစ်ဒါဇင် ၈၀၀ ကျပ်တန် ခဲတံကို တစ်ဒါဇင်လျှင် ငွေ့ျပ် ၁၈၀၀ ကျပ်ဖြင့်လည်းကောင်း၊ တစ်ဒါဇင် ငွေကျပ် ၁၂၀၀ ကျပ် ဝန်း ကျင်သာ စျေးပေါက် သော ဘောပင်ကို တစ်ဒါဇင် ၂၇၀၀ ကျပ်ဖြင့် လည်း ကောင်း စျေးကွက်ပေါက်စျေးထက်ပိုမိုသော စျေးနှုန်းဖြင့် လုပ်ငန်းရှင်များကို တင်ဒါ ချပေးလိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ ခဲတံနှင့် ဘောလ်ပင်များ အိတ်ဖွင့်တင်ဒါခေါ်ခြင်းကို နိုဝင်ဘာ ၁ ရက်နေ့မှ ၁၁ ရက်နေ့တွင် ရောင်းချခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တင်ဒါပိတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် တင်ဒါအောင် သူများကို ကြေညာခဲ့ကြောင်း၊ ဝန်ကြီးဌာနနှင့် ကုမ္ပဏီများက အရည် အသွေး ညံ့သော ပစ္စည်းများကို စျေးကွက်ပေါက်စျေး ထက်ပိုပေး၍ တင်ဒါချထားပေးကာ ငွေကျပ် သိန်းသောင်းချီ လာဘ်ပေး လာဘ်ယူလုပ် ခွဲဝေရ ယူကြကြောင်း သိရှိရသည်။

“တင်ဒါကို ဒီဇင်ဘာ ၅ ရက်နေ့က ကြေညာခဲ့တာ။ စျေးကွက်မှာ တစ်ဒါဇင်ကို ၈၀၀ ကျပ်ပဲ တန်တဲ့ခဲတံတွေကို တစ်ဒါဇင် ၁၇၀၀ ကျပ်နဲ့ တင်ဒါပေးတယ်။ ဘောပင် ဆိုလည်း ဈေးကွက်ထဲမှာ တစ်ဒါဇင် ၁၂၀၀ ကျပ် တန်ပစ္စည်းကို ၂၇၀၀ နဲ့ တင်ဒါချပေးတယ်။ စျေးကွက်ပေါက်စျေးထက် နှစ်ဆ တင်ပြီး ဌာနနဲ့ ကုမ္ပဏီတွေ ဝေစားမျှစား လက်ဝါးရိုက်လုပ်စားနေပါတယ်။ အဲဒါကို တင်ဒါ အဖွဲ့က မြေပြင်ဈေးကို စုံစမ်းနိုင်ရဲ့သားနဲ့ အရည်အသွေးညံ့ပစ္စည်းတွေကို ဈေးကောင်းပေးပြီး လက်ဝါးရိုက်လုပ်စားနေပါတယ်ဗျ” ဟု အဆိုပါ တင်ဒါကိစ္စနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

နိုင်ငံတစ်ဝန်းရှိ ကျောင်းများအတွက် ခဲတံနှင့် ဘောလ်ပင် တင်သွင်းရန် တင်ဒါ အောင်မြင်ခဲ့ကြသည့် ကုမ္ပဏီ ၁၅ ခုရှိပြီး အကြမ်းဖက်စစ်တပ်နှင့် ဆက်နွယ် သော ကုမ္ပဏီများသာဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ သားအငယ်ဖြိုးအာကာအောင်( အောင်မြင့်မိုရ်လင်းကုမ္ပဏီ)၊ တစ်နိုင်ငံလုံးတင်ဒါအောင် ကုမ္ပဏီစာရင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article