26 C
Yangon

စစ်ကောင်စီ၏ တပ်အတွင်းမှ စစ်ရေးသတင်းများ ပေးပို့မည့် ဖရဲသီးများကို NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဖိတ်ခေါ်၊ ငွေကြေးအပြင် ပြည်သူ့ရင်ခွင် ခိုလှုံ ရေး အခွင့်အရေးများပါ ရရှိမည်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

အကြမ်းဖက် စစ်ကောင်စီ၏ တပ်အတွင်းမှ အမာခံ သတင်းပေးမည့် ဖရဲသီးများ ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်ကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်သည်။

“လောလောဆယ်တော့ တပ်ကိုပဲ ဉီးတည်ပြီးလုပ်ထားတ။ တခြားဌာန တွေ က ဝင်လာရင်လည်း CDM success ဘက်နဲ့ ချိတ်လုပ်ရမယ်ထင်တယ်။ MOD က ထုတ် တာဆိုတော့ တပ်ဘက်ကို ပိုရည်ရွယ်ပါတယ်” ဟု NUG ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို‌သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ပြည်သူ့ရင်ခွင် မခိုလှုံနိုင်‌သေးသည့် အရာရှိ-စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စစ်ကောင်စီ ယန္တရားအတွင်း များစွာကျန်ရှိ နေ သေးကြောင်း၊ ၎င်းတို့ထဲမှ အချို့သည် ပြည်သူနှင့် တော်လှန်ရေး အဖွဲ့အစည်း များအတွက် အကျိုးရှိစေနိုင်မည့် သတင်းအချက်အလက်ပေါင်းများစွာ ချိတ် ဆက် ပေးပို့နေသည့် ပြည်သူ့အမာခံသတင်းပေးပို့သူ(ဖရဲသီး)များအဖြစ် ရှိနေ ကြောင်း၊ တော်လှန်ရေးနှင့်စစ်ရေးအရှိန် မြှင့်လာသည်နှင့်အမျှ သတင်း လို အပ် ချက်လည်း ကြီးမားစွာ ရှိလာသည်နှင့်အတူ အမာခံ သတင်း ပေးပို့သူ (ဖရဲသီး) ပြုလုပ်လိုသည့် သူရဲကောင်းများအတွက် အမာခံသတင်းပေး ပို့သူ (ဖရဲသီး) ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင် မခိုလှုံနိုင်သည့် အရာရှိ စစ်သည် များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အမာခံသတင်း ပေးပို့သူ (ဖရဲသီး) များအဖြစ် တော်လှန်ရေးအတွက် ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်ကြောင်း၊ အမာခံသတင်းပေးပို့သူ(ဖရဲသီး)အဖြစ် ပြုလုပ်မည်ဆိုပါက ကာကွယ်ရေး ဝန်ကြီး ဌာနသို့ ဆက်သွယ်၍ အချက်အလက်များ ဖြည့်သွင်းခြင်းကို ဦးစွာလုပ် ဆောင်ရမည်ဖြစ်ပြီး အချက်အလက်လုံခြုံမှု ရှိစေရန် အပြည့်အဝ တာဝန်ယူ အာမခံကြောင်း NUG က ပြောသည်။

ပြည်သူ့အမာခံ သတင်းပေးပို့သူ(ဖရဲသီး) ပြုလုပ်လိုသူများအနေဖြင့် ကာကွယ် ရေး ဝန်ကြီး ဌာနသို့ချိတ်ဆက်ပြီး သတင်းအချက်အလက်များ လုံခြုံစွာ ပေးပို့ နိုင်မည့်အပြင် သတင်း အချက်အလက် အဆင့်အတန်း အပေါ်မူတည်၍ ချီးမြှင့် ငွေများ ကိုလည်း ရရှိခံစားနိုင်မည် ဖြစ်ကြောင်း၊ ပြည်သူ့အမာခံ သတင်း ပေးပို့ သူ (ဖရဲသီး)များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဌာန ၏ အကာအကွယ်ပေးမှု အာမခံချက်ကို တော်လှန်ရေးကာလ အတွင်း၌ လည်းကောင်း၊ တော်လှန်ရေးအလွန်ကာလ၌လည်းကောင်း ပြည့်ဝစွာ ခံစားရ မည် ဖြစ်ကြောင်း၊ ထို့အပြင် စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ သတင်းပေးပို့သူများသည် ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်၏ အကျိုးခံစားခွင့်များကိုလည်း ရရှိခံစား ရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူနှင့်တစ်သားတည်း ရပ်တည်နိုင်ရေးအား စစ်ကောင်စီ ယန္တ ရား အတွင်း မှာပင်နေ၍ လုပ်ဆောင်နိုင်မည့်အပြင် ချီးမြှင့်ငွေများလည်း ရရှိခံ စားနိုင်မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ အကာအကွယ်ပေးမှု အာမခံ ချက် ကိုလည်း ရရှိမည်ဖြစ်သဖြင့် အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့ကြရန် စစ်ကောင်စီယန္တရားအတွင်းရှိ အရာရှိစစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများကို တိုက်တွန်းဖိတ်ခေါ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး။

Photo- Agency ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article