37 C
Yangon

စစ်ကောင်စီ၏ အရှိုက် ထိမည့် ထိုးစစ်ဆင်နွဲရမည်ဖြစ်ပြီး ၂၀၂၃ တွင် ပီပြင် သည့် နိုင်ငံရေးရလဒ် ရရှိရေး ကြိုးစားရမည်ဟု NUG သမ္မတ ညွှန်ကြား

Must read

စစ်ကောင်စီ၏ အရှိုက် ထိမည့် ထိုးစစ်ဆင်နွဲရမည်ဖြစ်ပြီး ၂၀၂၃ တွင် ပီပြင် သည့် နိုင်ငံရေးရလဒ် ရရှိရေး ကြိုးစားရမည်ဟု NUG သမ္မတ ညွှန်ကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယာယီသမ္မတက စစ်ကောင်စီ၏ အရှိုက် ကို ထိုးနှက်ကိုင်လှုပ်နိုင်မည့် ထိုးစစ်မျိုး လုပ်ဆောင်ရမည်ဖြစ်ကြောင်း NUG အစိုးရအဖွဲ့အစည်းအဝေးတွင် တရားဝင်ညွှန်ကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၈၀ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်း အဝေး တွင် ယာယီသမ္မတ ဒူဝါလရှီးလ က အထက်ပါအတိုင်းပြော ဆိုလိုက်ခြင်း ဖြစ်သည်။

“ခုခံတော်လှန်စစ်ကို မဟာဗျူဟာကျကျ ဆင်နွှဲတဲ့နေရာမှာ ခုခံရုံနဲ့ မရဘူး၊ စစ် ကောင်စီအရှိုက်ကို ကိုင်လှုပ်နိုင်မယ့် ထိုးစစ်မျိုးကိုလည်း လုပ်ဆောင်ရ လိမ့် မယ် လို့ ယူဆပါတယ်။ NUG အစိုးရက နိုင်ငံရေးတပ်ဦးအနေနဲ့ ဦးဆောင် တဲ့ ခုခံတော်လှန်စစ်ဟာ တစုံတရာအတိုင်းအတာအထိ ပြီးမြောက် အောင်မြင် တယ် လို့ ယုံကြည်ပါတယ်။ တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မ ဒေသ၊ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မှတ်မထားလောက် အောင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒီလို ခုခံတော်လှန်နိုင်မှု ဟာ သိပ်ပြီး အရင်းအနှီးကြီးတယ်ဆိုတာလည်း မမေ့ဖို့လိုပါတယ်။ ပျက်စီးသွား တဲ့ စည်းစိမ်ဥစ္စာတွေဟာ ပြန်လည်ရှာဖွေလို့ ရတယ်ဆိုပေမယ့် လူထုက သွေး နဲ့ ချွေးနဲ့ ရင်းထား တဲ့/ တစ်ပြားတစ်ကျပ်က အစ … အင်မတန် တန်ဖိုး ရှိပါတယ်” ဟု NUG သမ္မတက ပြောဆိုသည်။

၂၀၂၃ ခုနှစ်တွင် ပီပြင်ပြတ်သားသော နိုင်ငံရေးရလဒ် ရရှိစေရန် ကြိုးစားကြရန် လည်း သမ္မတက အစိုးရအဖွဲ့ကို တရားဝင် ညွှန်ကြားသည်။

“၂၀၂၃ ခုနှစ်ထဲမှာ ကျွန်တော်တို့အနေနဲ့ ပီပီပြင်ပြင် ပြတ်ပြတ်သားသား ဖြစ် မယ့် နိုင်ငံရေးရလဒ် တစ်ခုခုကို ထပ်မံပေါ်ထွက်အောင် ကြိုးစားရပါမယ်။ ဒီလို နိုင်ငံရေးရလဒ်မျိုးဟာ လူထုယုံကြည်မှုကိုရဖို့ တစ်ခုတည်းအတွက် မဟုတ်ပါ ဘူး။ ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်ထွန်းဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းသစ်ဖြစ် ဖို့လည်း ရည်ရွယ်ပါတယ်။ ၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြို ပစ်ရမယ့် အချိန်ကို ရောက်ပြီလို့ ယုံကြည်ပါတယ်” ဟု သမ္မတကြီးက ပြောဆိုသည်။

လက်ရှိ အချိန်အထိ ရရှိထားသော အောင်ပွဲများသည် ပြည်သူအားလုံး၏ အောင်ပွဲ ဖြစ်ပြီး နွေဦးတော်လှန်ရေး အောင်မြင်စေရေး အားသွန်ခွန်စိုက် ကြိုးပမ်းကြရန် NUG သမ္မတက တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article