36 C
Yangon

စစ်ကောင်စီ နှင့်ပူးပေါင်းမှုကြောင့် ထိုင်းအစိုးရပိုင် PTT ရေနံကုမ္ပဏီတွင် ထည့်ဝင် ထားသော ရှယ်ယာများ နုတ်ထွက်ဟု Norway’s Oil Fund က ကြေ ညာခဲ့၊ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆိုင်းငံ့ထားမည်ဟု ထိုင်း PTT က ထုတ် ပြန်လာရ

Must read

စစ်ကောင်စီ နှင့်ပူးပေါင်းမှုကြောင့် ထိုင်းအစိုးရပိုင် PTT ရေနံကုမ္ပဏီတွင် ထည့်ဝင် ထားသော ရှယ်ယာများ နုတ်ထွက်ဟု Norway’s Oil Fund က ကြေ ညာခဲ့၊ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆိုင်းငံ့ထားမည်ဟု ထိုင်း PTT က ထုတ် ပြန်လာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီ လက်အောက်ခံ PTTOR ကုမ္ပဏီက မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကြောင့် စက်သုံးဆီ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်း မည်ဟု ကြေညာလိုက်သည်။

ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီအနေဖြင့် မြန်မာစစ်ကောင်စီ နှင့်ပူးပေါင်းနေသည့်အတွက် PTT ကုမ္ပဏီ တွင် ရင်းနှီးမြှုပ်နှံထားသော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ဖိုးရှိ ရှယ်ယာများကို ရပ်ဆိုင်း ပြီဖြစ် ကြောင်း Norway’s Oil Fund က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။

အဆိုပါ ကြေညာမှု နောက်ဆက်တွဲအဖြစ် ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီက မြန်မာနိုင်ငံတွင် လုပ်ကိုင် နေသော လုပ်ငန်းများ ရပ်ဆိုင်းပါမည်ဟု ကြေညာလာရခြင်းဖြစ်သည်။

ထိုင်း PTT ကုမ္ပဏီ လက်အောက်ခံ PTT Oil and Retail Business (PTTOR)သည် ကမ္ဘောဇ အုပ်စု နှင့်ပူးပေါင်း၍ Bright Energy ကုမ္ပဏီကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယင်း လုပ် ငန်းတွင် ထိုင်း PTT က အစု ရှယ်ယာ ၃၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။ Bright Energy သည် မြန်မာနိုင်ငံတွင် အကြီးဆုံး စက်သုံးဆီသိုလှောင်ရုံကို ရန်ကုန်အနီးတွင် တည်ဆောက်နေသည်။

ထိုင်း PTTORအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော Bright Energy ၏ လုပ်ငန်း လည် ပတ်မှုနှင့် ဆောက် လုပ်ရေး၊ ငွေပေးချေမှုများကို ဆိုင်းငံ့ထားရန် ဒီဇင်ဘာလ ၂၂ ရက်နေ့ အတိ အလင်း ထုတ်ပြန်ကြေညာသည်။

ထိုင်းနိုင်ငံပိုင် PTT စွမ်းအင်ကုမ္ပဏီသည် စစ်တပ်လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေပြီး PTT ၏လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သော PTTOR သည်လည်း မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် အကျိုးတူ လုပ်ငန်း များလုပ်ဆောင်လျက်ရှိနေသည်။

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အတွက် ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီများဖြစ်သော PTT နှင့် PTTOR တို့မှ နုတ်ထွက်ပြီဟု Norway’s Oil Fund က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ် ပြန် ကြေညာခဲ့ရာ Norway’s Oil Fund အနေဖြင့် ထိုင်း PTT ရေနံကုမ္ပဏီတွင် ရင်းနှီး မြှုပ် နှံထား သော အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၂ သန်း၊ ထိုင်းPTTOR ကုမ္ပဏီတွင် ထည့်ဝင် ထားသော ၁၀ ဒသမ ၉ သန်းရှယ်ယာများ ပြန်လည် ထုတ်ယူမည်ဟု ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

ထိုင်းPTT ကုမ္ပဏီသည် မြန်မာနိုင်ငံမှ နုတ်ထွက်သွားသော ပြင်သစ် Totalကုမ္ပဏီ၏ လုပ်ငန်းများကို လွှဲပြောင်းရယူကာ စွမ်းအင်နှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်သည်။

Photo – Nikkei Asia။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article