28 C
Yangon

စစ်တပ်က NLD ပါတီဖြိုခွဲရေး လုပ်ဆောင်နေပြီး ပါတီဝင်တချို့ကို ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံစေကာ ၂၀၂၃ ရွေးကောက်ပွဲ ကိစ္စ နှင့် NLD ရုံးချုပ် ပြန်ဖွင့်ခွင့်ပြုရေး တင်ပြခိုင်း၊ တင်ပြ ချက်များကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကောင်စီက NLD ပါတီဖြိုခွဲရေး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာပြီး နေပြည်တော် အကျဉ်းထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ ဝင် တချို့ကို သွားရောက်တွေ့ဆုံစေကာ ၂၀၂၃ ရွေးကောက်ပွဲကိစ္စ၊ NLD ပါတီ ရုံးချုပ် ပြန်လည်ဖွင့်လှစ်ခွင့်ပြုရေး တင် ပြခိုင်းကြောင်း သိရှိရသည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အစီအစဉ်ဖြင့် ၎င်းကို လာရောက် တွေ့ဆုံသည့် NLD ပါတီဝင်တချို့ တင်ပြချက်များကို လက်မခံဟု သိရှိရသည်။

“အခု ပြည်တွင်းထဲမှာ စကစနဲ့ ဆက်ဆံရေးလမ်းကြောင်းရှိတဲ့ အမတ် ဟောင်း တချို့နဲ့ ပါတီဝင်တချို့က စကစရဲ့ စီစဉ်ပေးမှုနဲ့ စစ်တပ်ရဲ့ သတင်း စကား တွေကို အန်တီ (ဒေါ်အောင်ဆန်းစုကြည်)ဆီ သွားပို့တယ်။ အန်တီ (ဒေါ်အောင် ဆန်း စုကြည်) ကို ကြိုတင်အသိမပေးဘဲ အကျဉ်းထောင်ထဲက ထုတ် ပြီး အဲဒီလိုတွေ့ခိုင်းတာ။ ၂၀၂၃ ရွေးကောက်ပွဲကိစ္စနဲ့ NLD ပါတီရုံးချုပ် ပြန်ဖွင့်ခွင့် တောင်းတာ။ သွားတွေ့တဲ့ သူတွေ နာမည်လည်းသိပါတယ်။ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) က ပြည်သူတွေနဲ့ တစ်သဘောထား တည်းရှိနေ တယ်လို့ ပြန်သိရတယ်။ အဲဒီလို လာပြောတာတွေ သူ လက်မခံဘူး” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲတွင် NLD ပါတီ (သို့မဟုတ်) NLD ပါတီ ခွဲထွက်မည့်သူများ ဝင်ပြိုင်စေရန် ကြိုးပမ်းနေပြီး ၎င်းတို့လုပ် ဆောင် မည့် ရွေးကောက်ပွဲကို နိုင်ငံတကာအသိအမှတ်ပြုမှု၊ ပြည်သူများ မဲထွက်ပေးစေရန် နည်းလမ်းမျိုးစုံ အသုံးပြုလာသည့်သဘောရှိနေသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

“မြင်ရတာကတော့ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို NLD ပါတီကို ပြန်ဆွဲသွင်းဖို့ လုပ်နေတာ။ အရင် ၂၀၁၀ ၊ ၂၀၁၂ ကာလလိုမျိုး ပြန်သွားချင်တာ။ အခု စစ်တပ်က လူတွေ၊ လူငယ်တွေ၊ ပြည်သူတွေကို အများကြီး သတ် ထားပြီးပြီ။ စစ်ကိုင်းတိုင်းမှာ ရွာတွေ မီးရှို့ခံရလို့ ကုန်ပြီ။ ပြည်သူတွေက စစ်တပ် ကို နာသွားကြပြီ ။ အခြေအနေတွေက ၂၀၁၀၊ ၂၀၁၂ ကာလလို လည်းမဟုတ်ဘူး။ မင်းအောင်လှိုင်က သန်းရွှေလို လမ်းဟောင်း ပြန် လျှောက် တာ ဖြစ်နိုင်သလို သူ့ထွက်ပေါက် အတွက် နိုင်ငံရေးတွက်ချက်မှုတွေ လုပ်ဖို့ ဒီလို ခြေ လှမ်း တာလည်း ဖြစ်နိုင်ပါတယ်။ လက်ရှိ အခြေအနေတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် သဘောထားကို သွားပြီး တီးခေါက်နေ တာလို့ ထင်တယ်။ သေချာတာက စစ်တပ်က နယ်ပယ်ပေါင်းစုံမှာ အကျပ်အတည်း ဆိုက်နေတယ်” ဟု ပြည်နယ် အမတ် က သုံးသပ်ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကို စစ်တပ်နှင့်ဆက်ဆံရေး ဖွင့်ထားသည့် ပါတီဝင်တချို့ သွားရောက် တွေ့ဆုံသည့်သတင်းနှင့်ပတ်သက်ပြီး NLD ပါတီ၏ အတည်ပြုချက်ကို ရယူ နိုင်ခြင်း မရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article