29 C
Yangon

စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ကော့ကရိတ် ၇ တိုင်တံတား ပျက်စီး

Must read

စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ကော့ကရိတ် ၇ တိုင်တံတား ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ တိုက်ပွဲများဖြစ်ပွားစဉ် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ၇ တိုင်တံတား ပျက်စီးသွားပြီး စစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေကြောင်း ဒေသပြည်သူများက ပြောသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ တစ်ရက်လုံး ကော့ကရိတ်မြို့နယ် နေရာတချို့တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၊ KNLA မဟာမိတ်တပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်၏ ပစ်ခတ်မှုများနှင့် မိုင်းဆွဲမှုများကြောင့် ၇ တိုင် တံတားမှာ ပျက်စီးသွားကြောင်း သိရှိရသည်။

“တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတာ။ ဒီဇင်ဘာ ၁၉ လောက်ကစပြီး အခုထက်ထိပဲ။ ၇ တိုင်တံတားကတော့ ဒီဇင် ဘာလ ၂၃ ရက်နေ့ စစ်တပ် ဘက်က ပစ်ခတ်လို့ မိုင်းထိသွားတယ်။ ဆိုင်ကယ်နဲ့ကားလေးတွေ ဖြတ်သန်းလို့ရပေမယ့် ကားကြီးတွေ မခံနိုင်လောက်ဘူးထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက‌ ပြောသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သို့ စစ်ဆင်ရေးအဖြစ် ချီတက်လာသော စစ် ကောင်စီ ၏ သံချပ်ကာ အမြောက်ကား ၂ စီးကို Golden Eagle တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ရာ သံချပ်ကာ အမြောက်ကား ၁ စီး မီး လောင် ပျက်စီးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကော့ကရိတ်သို့ စစ်ဆင်ရေးအဖြစ် ချီတက်လာသော သံချပ်ကာ အမြောက်ကား ၂ စီးကိုGolden Eagleတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချရာတွင် သံချပ်ကာ အမြောက်ကား ၁ စီး မီးလောင်ပျက်စီးသွားခြင်း ဖြစ်ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲမှုတွင် စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ကော့ကရိတ် ကော့နွဲရွာအဝင်မှာ မနေ့ ညနေ စစ်ကောင်စီ တင့်ကား ၂စီး အပေါ် တည့်တည့်ကို Golden Eagleအဖွဲ့က ၆၀ မမ Drop bomb ၄ လုံး ကျဲချနိုင်ခဲ့ပြီး တင့်ကားရပ်သွားပါတယ်။ ရှေ့မဆက်နိုင်တောာ့ပါဘူး။ စစ်သား၂ ယောက်သေတယ်။ ၄ ယောက် ဒဏ်ရာရတယ်။ ပျက်စီးသွားတဲ့ သံချပ်ကာ ကားကို ပြန်ဆွဲသွားပါတာ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြော သည်။

ကော့ကရိတ်ဒေသပြည်သူတချို့ကလည်း စစ်ကောင်စီ၏ သံချပ်ကာ အမြောက် ကား ၁ စီး မီးလောင်ပျက်စီးပြီး မောင်းမရတော့ဟု ပြောဆိုကြသည်။

“မနေ့က တက်လာတာ တင့်ကားနှစ်စီး။ ညကျတော့ ကော့ကရိတ် မြို့ထဲ ပြန်ဝင် သွားတာ တစ်စီးတည်း။ ကျန်တဲ့ ၁ စီးကပါမလာတော့ဘူး။ ပန်ဒါ ရေခဲ စက် အနီးမှာ ဗုံးထိ မီးလောင်ပြီး ရပ်သွားတယ်ပြောတယ်” ဟု ကော့က ရိတ် မြို့ခံတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ဘက်သို့ သံချပ်ကာ အမြောက် ကားများ၊ လက်နက်ကြီးအမြောက်တင်ကားများ ၊ Mi35 ရဟတ် ယာဉ်များ၊ ဂျက် လေယာဉ်များဖြင့် နေ့စဉ် ရက်ဆက် တိုက်ခိုက်နေကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ကော့ကရိတ်အခြေစိုက် ခလရ ၉၇ မှ ယာယီတပ်ရင်းမှူး သေဆုံးခဲ့ရာ ယခုအချိန်အထိ ယာယီတပ်ရင်းမှူး အလောင်းကို စစ်တပ်က လာမကောက်သဖြင့် ပုတ်ပွနေပြီဖြစ်ကြောင်း သိရှိရသည်။

“ကော့နွဲ့သချိုင်းရှေ့က ကွင်းပြင်မှာ ခလရ ၉၇ ယာယီ တပ်ရင်းမှူးအလောင်း အခုထိလာမကောက်သေးဘူး။ ပုတ် နေပြီ” ဟု PDF သတင်းရင်းမြစ်က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article