36 C
Yangon

စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်သော တက္ကသိုလ် ကျောင်းသား ၇ ဦး စစ်ကောင်စီက အနည်းဆုံး ထောင်ဒဏ် ၄ နှစ် မှ အများဆုံး ၂၆ နှစ်အထိ

Must read

စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်သော တက္ကသိုလ် ကျောင်းသား ၇ ဦး စစ်ကောင်စီက အနည်းဆုံး ထောင်ဒဏ် ၄ နှစ် မှ အများဆုံး ၂၆ နှစ်အထိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်သော တက္ကသိုလ် ကျောင်းသား ၇ ဦး စစ်ကောင်စီက အနည်းဆုံး ထောင်ဒဏ် ၄ နှစ်မှ အများဆုံး ၂၆ နှစ်အထိ ချမှတ်လိုက်ကြောင်း သိရှိရသည်။

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား‌ ၆ ဦးနှင့် မော်လမြိုင်တက္ကသိုလ်ကျောင်းသား ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီက အနည်းဆုံးထောင်ဒဏ် ၄ နှစ်မှ အများဆုံး ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ကြောင်း တက္ကသိုလ် ကျောင်းသား‌များ သမဂ္ဂ-ဗကသ ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား ၄ ဦးဖြစ်သည့် ကိုကောင်းခန့်နိုင် (စတုတ္ထနှစ်၊ကုန်ထုတ်ဓာတုဗေဒ၊နေ့)၊ ကိုသီဟအောင် (ဒုတိယနှစ် ၊ ဥပဒေ ၊ အဝေးသင်)၊ ကိုဟိန်းထက်ဇော် (ဒုတိယနှစ် ၊ မြန်မာစာ ၊ အဝေးသင်)နှင့် ကိုဖြိုးကောင်းထိုက် (ဘွဲ့ရ) တို့ကို ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၂၆ နှစ်ချမှတ်ကြောင်း၊ တက္ကသိုလ် ကျောင်းသား ၄ ဦးကို ပုဒ်မ ၅၀(က)(ဈ) ၊ ၅၁(ဂ) ၊ ၆(၁)၊ ၃၀၇-၃၄ ၊၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား ကိုအေးမင်းထိုက် ( တတိယနှစ်၊ဓာတု‌ဗေဒ၊အဝေးသင်) ကိုလည်း ပုဒ်မ ၆(၁)၊ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် ၅ နှစ် နှင့် ကိုကျော်ကျော်နိုင်ကို ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့​ကြောင်း၊ ပုဒ်မ ၅၀(ဈ)/၅၄ ဖြင့် ထပ်မံတရားစွဲထားပြီး လာမည့် ဖေဖော်ဝါရီလအတွင်း ထပ်မံ အမိန့်ချသွားမည် ဖြစ်ကြောင်း သိရသည်။

” ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့ ကိုအေးမင်းထိုက်၊ ကိုသီဟအောင်၊ ကိုဟိန်းထက်ဇော်၊ဟကိုဖြိုးကောင်းထိုက်နဲ့ ကိုကောင်းခန့်နိုင်တို့ကို ပုဒ်မ ၅၀(ဈ)/ ၅၄ နဲ့ ထပ်ပြီး တရားစွဲထားတယ် ဗိုလ်တထောင် ခရိုင်တရားရုံးမှာ ဆက်ပြီး အမှုရင်ဆိုင်ရမယ်။ ကျန်းမာရေး အခြေအနေတော့ ကောင်းမွန်ပါတယ်” ဟု ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား တစ်ဦးကပြောဆိုသည်။

အဆိုပါ ကျောင်းသား လူငယ်များအနက်မှ ကျောင်းသား ၃ ဦးသည် ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဒေါပုံဘောလုံးကွင်း၌ အကြမ်း ဖက် စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသူများဖြစ်ကြောင်းသိရသည်။

အလားတူ မော်လမြိုင် တက္ကသိုလ် ကျောင်းသား ကိုမျိုးသူရအောင်ကို အကြမ်းဖက် စစ်ကောင်စီက ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခဲ့ကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မော်လမြိုင် တက္ကသိုလ် ရူပဗေဒ နောက်ဆုံးနှစ် ကျောင်းသား ကိုမျိုးသူရအောင်ကိုအကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တရားရုံးမှ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရူပဗေဒ ကျောင်းသား ကိုမျိုးသူရအောင်သည် ဖမ်းဆီးခံရပြီးနောက် ကရင်ပြည်၊ ဖားအံအကျဉ်းထောင်တွင် ၅ လကျော်ကြာ ချုပ်နှောင်ခံခဲ့ရပြီး ပုဒ်မ ၂ ခုဖြင့် တရားဆွဲခံထားရခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article