31 C
Yangon

စဉ့်ကူမြို့တွင် စစ်တပ်၏ မုဒိမ်းကျင့်လူသတ်မှုများတွင် ဦးဆောင်ပါဝင်သူ ပျူစောထီး သင်တန်း ဆင်း သူလိန်မြင့်(ခ) ခွာလိန် ပစ်ခတ်ခံရပြီး သေဆုံး

Must read

စဉ့်ကူမြို့တွင် စစ်တပ်၏ မုဒိမ်းကျင့်လူသတ်မှုများတွင် ဦးဆောင်ပါဝင်သူ ပျူစောထီး သင်တန်း ဆင်း သူလိန်မြင့်(ခ) ခွာလိန် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

စဉ့်ကူမြို့တွင် ပျူစောထီး သင်တန်းဆင်း သူလိန်မြင့်(ခ) ခွာလိန် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့သော Bagan Ogre Force (P.D.F) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

မန္တလေးတိုင်း စဉ့်ကူမြို့နယ် ပျူစောထီးသင်တန်းဆင်း ပျူစောထီး သူလိန်မြင့် (ခ) ခွာလိန်သည် အကြမ်းဖက်စစ်ကောင်စီဝင်များ၊ ရဲများနှင့် ပူးပေါင်းပြီး မြို့နေ ပြည်သူများကို ဒုက္ခပေးခြင်း၊ စစ်ကောင်စီဝင်များကို ရှေ့ဆောင်လမ်းပြ၍ အပြစ် မဲ့ ပြည်သူများကို ဖမ်းခိုင်းခြင်းကြောင့် ယနေ့ ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Bagan Ogre Force (P.D.F) တာဝန်ရှိသူက ဆိုသည်။

ပျူစောထီး သူလိန်မြင့်(ခ) ခွာလိန်သည် စဉ့်ကူမြို့မှ အသက် ၂၃ နှစ်အရွယ် အပြစ်မဲ့ အမျိုးသမီးတစ်ဦးကို စစ်တပ်က မုဒိန်းကျင့်သတ်ခဲ့သည့် အမှုနှင့် အပြစ်မဲ့ ပြည်သူအမျိုးသားနှစ်ဦး အသတ်ခံရသည့် အမှုများတွင် အဓိက ဦးဆောင်လမ်းပြသူဖြစ်သည့်အတွက် ရှင်းလင်းသုတ်သင် ရခြင်းဖြစ် ကြောင်း ၎င်း၏ အဆိုအရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article