28 C
Yangon

စသုံးလုံးဌာနမှ အရာရှိနှင့်ဝန်ထမ်း ၅၀ နီးပါး နုတ်ထွက်စာတင်သော်လည်း ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ထွက်ခွင့်မပေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ စသုံးလုံးဌာနမှ အရာရှိနှင့်ဝန်ထမ်း ၅၀ နီး ပါး နုတ်ထွက်လိုကြောင်း နုတ်ထွက်စာ တင်ကြသော်လည်း ပြည်ထဲရေး ဝန်ကြီး စိုးထွဋ်က ထွက်ခွင့်မပေးကြောင်း စသုံးလုံးသတင်းရပ်ကွက်က ပြော ဆိုသည်။

စသုံးလုံးဌာနသို့ စစ်တပ်ဘက် မိုးကျရွှေကိုယ် အသွင်းပြောင်းများ ဝင်ရောက် လာ သကဲ့သို့ ရာထူးတိုးမှုများတွင်လည်း စစ်ကောင်စီနှင့်နီးစပ်သူများ သာ ရာ ထူး တိုးကြခြင်း၊ နယ်ဒေသများတွင် စသုံးလုံး ဝန်ထမ်းများ၏ လုံခြုံရေးကို အာမခံ ချက် မပေးနိုင်တော့ခြင်းတို့ကြောင့် နုတ်ထွက်စာတင်မှုများ များပြား လာ ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ညွှန်ကြားရေးမှူး ၃ ဦးကို ပြည်နယ်၊ တိုင်း အပြောင်းအလဲလုပ်တယ်။ ရွှေ့တယ် ပြောင်း တယ်။ စသုံးလုံး စုံမှူး မှ ဦးစီးအရာရှိ ရာထူးတိုးထွက်လာခဲ့တယ်။ ဒုစုံ စမ်းစစ်ဆေးရေးမှူး မှ စုံစမ်းစစ်ဆေးရေးမှူးရာထူးအထိ ပေါင်းရိုက်၊အကပ် ကောင်း သူများသာ ရာထူးတိုးကြတယ်ဆိုတဲ့သတင်းတွေ ထွက်တယ် ။ စသုံး လုံး ဌာနမှာ ထွက်ခွင့်တင်ထားသူ တစ်နိုင်ငံလုံး ၅၀ နီးပါးရှိနေတယ်။ ထွက်စာ တွေ ကို ကိုင်တောင်မကြည့်ဘဲ ထွက်ခွင့် မပေးဘဲ တင်းကျပ်ထားတယ်။ စစ် တပ်က ကောင် တွေလည်း စစ်မတိုက်ချင်တော့ နှစ်သီးစား လုပ်ဖို့ စစစ ထဲရောက် ဖို့ တန်းစီနေတယ်။ ဥပဒေသမားတွေလို အရည်ချင်း ရှိသူများ ကိုမခန့်ဘဲ ဆိုင်ရာ ပိုင်ရာနှင့် နှစ်သီးစားတွေကို ခန့်ထားတယ်” ဟု စသုံးလုံး သတင်းရင်းမြစ်က ပြောသည်။

စသုံးလုံးဌာနမှ နုတ်ထွက်လိုသူများပြားနေသဖြင့် ခွင့်များလည်း မပေးဘဲ တင်း ကျပ် ထားကြောင်း၊ အဝေးသင်တက္ကသိုလ် ဖြေဆိုမည်ဟုဆိုကာ ခွင့်ယူမည် ဆိုပြီး ပြန်မလာသော ဖြစ်စဉ်များ ရဲတပ်ဖွဲ့ အပါအဝင် ဝန်ကြီးဌာနများတွင် ဖြစ်ပွားနေသဖြင့် စသုံးလုံးတွင် ခွင့်ယူခွင့် မပေးတော့ကြောင်း သိရှိရသည်။

လက်ရှိတွင် စသုံးလုံးဌာနအတွက် နယ်ဒေသများတွင် လုံခြုံရေးမပေးနိုင်သော ရဲတပ်ဖွဲ့၊ စစ်တပ်ဝင်းများအတွင်း နေထိုင်ကြရကြောင်း၊ စသုံးလုံး ဝန်ထမ်း များ ၏ အလုပ်မှာလည်း မယ်မယ်ရရ မရှိသဖြင့် နယ်ဒေသများမှ စသုံးလုံး ဝန်ထမ်း များ စိတ်ပျက်လက်ပျက်ဖြစ်နေရသည်ဟု သိရှိရသည်။

ဓာတ်ပုံ- စသုံးလုံးညွှန်ချုပ် မောင်မောင်ကျော်နှင့်ညွှန်မှူးများ။ (ပုံအဟောင်း ဖြစ် သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article