30 C
Yangon

ဆားလင်းကြီးတွင် ဘီယာဆိုင်လာသည့် ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ဒုရဲအုပ် အပါအဝင် ရဲ ၄ ဦးသေဆုံး၊ လက်နက် ၃ လက်ရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဘီယာဆိုင်လာသည့် ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ဒုရဲအုပ် အပါအဝင် ရဲ ၄ ဦး သေဆုံးကြောင်း Triple Two Task Force တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် ဆားလင်းကြီးမြို့နယ်၌ ဘီယာဆိုင်သို့ လာရောက် စားသောက်နေသည့် ရဲ ၅ ဦးကို မဟာမိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ အပြန်အလှန် ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒုရဲအုပ် ၁ ဦးအပါအဝင် ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Galone Yarzar Guerrilla Defense Force၊ Salingyi People ‘S Defense Force၊ Triple Two Task Force၊ Monywa Trust Of Force၊ Yinmarbin Local PDFနှင့် Alpha Special Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပစ်ခတ်မှု ဖြစ်စဥ်အတွင်း ရဲ ၄ ဦး သေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article