29 C
Yangon

ဆားလင်းကြီးမြို့နယ် ဆားထုံးကျေးရွာနှင့်လက်ပန်ကျွန်းရွာကို ယနေ့ နံနက်ပိုင်း စစ်တပ်က မီးစတင်ရှို့နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ‌ ဆားထုံးရွာနှင့် လက်ပန်ကျွန်းရွာကို အကြမ်း ဖက်စစ်တပ်က ယနေ့ နံနက်ပိုင်း စတင်မီးရှို့နေကြောင်း ဒေသခံ ပြည်သူ များနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီ ၁၇ မိနစ်အချိန် စစ်တပ်က ဆားထုံး ကျေး ရွာကို မီးစတင်ရှို့ခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်း ဆားထုံးကျေးရွာတွင် ညအိပ် တပ် စွဲ ခဲ့ပြီးနောက် ယခုနံနက်ပိုင်းတွင် စစ်တပ်က မီးရှို့ခြင်းဖြစ်ကြောင်း၊ အလား တူ လက်ပန်ကျွန်းရွာကိုလည်း မီးရှို့လျက်ရှိကြောင်း သိရှိရသည်။

“ဆားထုံးကို မနေ့ညနေပိုင်းက ဝင်ရောက်စီးနင်းပြီး ပြည်သူ တစ်ဦးကို လည်း ပစ်သတ်တယ်။ ဒီမနက်တော့ ဆားထုံးရော၊ လက်ပန်ကျွန်းရော မီးရှို့တာ။ စစ်ကြောင်းက အင်အား ၃၀၀ လောက်ရှိပါတယ်။ အခု ဆားထုံးအုပ်စုကို တောက် လျှောက် မီးရှို့နေပါပြီ” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က တိုက်ပွဲအနီးအနားရှိ ထန်းဇင်ကျေးရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင် ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

” တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေ အထိနာလို့ အနီးအနားကရွာကို သေနတ်တွေ ပစ်ဖောက်ပြီး စီးနင်း မီးရှို့နေတာ မီးများတယ်။ရွာလုံးကျွတ်နီးပါးရှို့နေတာ ဒေသခံ ပြည်သူတွေကတော့ ရွာလုံးကျွတ်ပြေးနေရတယ်။ နောက်ဆုံးသိရတဲ့ သတင်းအရ PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရတယ်” ဟု မျိုးဆက်သစ် လူငယ် Local PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယင်းနောက် အနီးရှိ ထန်းပုရွာတွင် တပ်စွဲကာ အပြည်မဲ့ရွာသားတစ်ဦးကို ဖမ်း ဆီးခေါ်ဆောင်ပြီး ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဆားထုံရွာသို့ အကြမ်း ဖက်ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဆားထုံရွာအတွင်းရှိ ပြည်သူများကို အကြမ်းဖက် နှိပ်စက်ညှင်းပန်း မှု များ ပြုလုပ်ကာ ကျေးရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မျိုးဆက်သစ် လူငယ် Local PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်တပ်က မီးတင်ရှို့နေသော ဆားထုံးကျေးရွာနှင့် လက်ပန်ကျွန်းကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article