35 C
Yangon

ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၄ ဦး သေဆုံး

Must read

ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၄ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာလ ၂၆

မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို ယနေ့ ဒီဇင်ဘာလ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန် စစ်ကောင်စီတပ်က Jet Fighter တစ်စီး ဖြင့် ဗုံးကျဲချရာ ပြည်သူ ၄ ဦး ကျည်ထိမှန် သေဆုံးကြောင်း ယော အ လင်းတန်းမှ ကိုအောင် ကြီးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောကြားသည်။

“တိုက်ပွဲဖြစ်တာမရှိဘူးဗျ။ ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်ကျဲတာ ပထမတစ် ခေါက်ကျဲပြီးတော့ အ နောက်ကို ပြန်သွားတယ်၊ အပြန်မှာ ပစ်လည်းပစ်တယ်။ ဗုံးလည်းကျဲတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ အနီးအနားတစ်ဝိုက်မှာ သူတို့စစ်တပ်တွေလည်း မရှိဘူး။ ကျောက်ထုအမြောက်တပ်ကလည်း ဝေး တယ်။ တမင်သက်သက်ကို လာကျဲသွားတာ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၃ ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံး ပြီး အမျိုးသမီး တစ်ဦး အမျိုးသား ၇ ဦး စုစုပေါင်း ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် အနည်းဆုံး ၃ လုံး ခန့်ပျက်စီး သွားကြောင်း၊ ရွာသူရွာသားများမှာလည်း ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်နေကြရ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article