29 C
Yangon

ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၄ ဦး သေဆုံးပြီး ​၈ ဦး ဒဏ်ရာရ

Must read

ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၄ ဦး သေဆုံးပြီး ​၈ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာလ ၂၆

မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို ယနေ့ ဒီဇင်ဘာလ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန် စစ်ကောင်စီတပ်က Jet Fighter တစ်စီး ဖြင့် ဗုံးကျဲချရာ ပြည်သူ ၄ ဦး ကျည်ထိမှန် သေဆုံးကြောင်း ယော အ လင်းတန်းမှ ကိုအောင် ကြီးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောကြားသည်။

“တိုက်ပွဲဖြစ်တာမရှိဘူးဗျ။ ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်ကျဲတာ ပထမတစ် ခေါက်ကျဲပြီးတော့ အ နောက်ကို ပြန်သွားတယ်၊ အပြန်မှာ ပစ်လည်းပစ်တယ်။ ဗုံးလည်းကျဲတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ အနီးအနားတစ်ဝိုက်မှာ သူတို့စစ်တပ်တွေလည်း မရှိဘူး။ ကျောက်ထုအမြောက်တပ်ကလည်း ဝေး တယ်။ တမင်သက်သက်ကို လာကျဲသွားတာ”ဟု ၎င်းက ဆက်လက် ပြော ကြားသည်။

အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို ၎င်းတို့ အုပ်ချုပ်နိုင်ခြင်းမရှိသော ကျေးရွာများကို လေယာဉ် ဖြင့် ဗုံးကျဲချနေခြင်း ကြောင့် ပြည်သူများ သတိပြုကြရန် PDF-SAW B-02(YRPA)မှ တာဝန် ရှိသူတစ်ဦးက သတိပေးသည်။

“ဆောမြို့နယ်၊ညောင်ကန်ကျေးရွာကို စစ်တပ်က Jet Fighter နဲ့ ဗုံးကျဲချ တိုက်ခိုက်လို့ နေအိမ်၆လုံးခန့် ပျက်စီးခဲ့ပြီး သာမာန်အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံးပါတယ်။ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၃ ဦးသေပါတယ်။ ထိခိုက် ဒဏ်ရာ ရရှိသူတွေထဲမှာ လူနာ ၁ ဦးက အလွန်စိုးရိမ်ရပါတယ်။ Drone နဲ့ လေယာဥ် ပျံသန်းမှုတွေကို စောင့်ကြည့်လေ့လာပြီး ဘေးလွတ်ရာနေရာများ ကြိုတင် ပြင်ဆင်ထားရှိကြဖို့ PDF-SAW B-02 (YRPA) အနေနဲ့ ပြည်သူတွေ ကို သတိပေး လိုပါတယ်”ဟု PDF-SAW B-02 (YRPA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၃ ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံး ပြီး အမျိုးသမီး တစ်ဦး အမျိုးသား ၇ ဦး စုစုပေါင်း ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် အနည်းဆုံး ၆ လုံး ခန့်ပျက်စီး သွားကြောင်း၊ ရွာသူရွာသားများမှာလည်း ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်နေကြရ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article