38 C
Yangon

တနင်္သာရီတွင် စစ်ကောင်စီတပ်က ပစ်သည့် လက် နက်ကြီး ကျည်ထိမှန်၍ အသက် ၁၇ နှစ်အရွယ် မဇာနည်နိုင် ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိပြီး သေဆုံး

Must read

တနင်္သာရီတွင် စစ်ကောင်စီတပ်က ပစ်သည့် လက် နက်ကြီး ကျည်ထိမှန်၍ အသက် ၁၇ နှစ်အရွယ် မဇာနည်နိုင် ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ဗောဓိကမ်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ လက်နက်ကြီးကျည်ထိမှန်၍ အသက် ၁၇ နှစ်အရွယ် မဇာနည်နိုင် ဒဏ်ရာရရှိ သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောသည်။

စစ်တပ်က ဒီဇင်ဘာလ ၂၁ ရက်နေ့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းရွာနှင့် ဘန်လောကျေးရွာတို့မှ အသက် ၁၇ နှစ်အရွယ် မဇာနည်နိုင် အပါအဝင် အနည်းဆုံး ပြည်သူ ၆ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ ယင်းတို့အနက်မှ ညောင်ပင်ကွင်းရွာမှ လက်နက်ကြီးထိမှန်ဒဏ်ရာရသူ ၃ ဦးကို မြိတ်မြို့ရှိ စစ်ဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်း တနင်္သာရီမြို့အခြေစိုက် နာရေးကူညီမှုအသင်းများထံမှ သိရသည်။

လက်နက်ကြီးထိမှန်၍ ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အသက် ၁၇ အရွယ် မဇာနည်နိုင်သည် မြိတ်မြို့ စစ်ဆေးရုံတွင် မသက်သာသဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ မြိတ်မှ ရန်ကုန်ဆေးရုံသို့တင်ပို့ရာ လမ်းခရီးတွင်ပင် ယင်းနေ့ ညနေ ၄နာရီ ၂၀ မိနစ် အချိန် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ဆုံးသွားတဲ့မိန်းကလေးရဲ့ အဖေနဲ့ညီမနှစ်ယောက်ကလည်း လက်နက်ကြီးကျည်ထိထားပေမယ့် သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအနီးတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အောက်တိုဘာလအတွင်းက စစ်ကောင်စီ၏လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျေးရွာနေသူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဓာတ်ပုံ- စစ်တပ်၏ လက်နက်ကြီး ထိမှန်သေဆုံးသူအမျိုးသမီး မဇာနည်နိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article