34 C
Yangon

တနင်္သာရီ၊ စစ်ကိုင်းနှင့် မကွေးတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၃၆ ဦး သေ ဆုံး

Must read

တနင်္သာရီ၊ စစ်ကိုင်းနှင့် မကွေးတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၃၆ ဦး သေ ဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေဘိုမြို့ နယ်၊ ချင်းတွင်းမြစ်ကြောင်းနှင့် မကွေးတိုင်း ပခုက္ကူမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပြီး စစ်သား ၃၆ ဦးသေဆုံးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မြိတ်-ထားဝယ်လမ်းတွင် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး

==========================================

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာ အ ကြား တွင် အကြမ်းဖက် စစ်တပ်မှ စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ထားဝယ်မြို့ဘက်မှ သရက် ချောင်းမြို့နယ်ဘက်သို့ မြိတ်-ထားဝယ်လမ်းအတိုင်း မောင်းနှင်လာသော စစ်သားများလိုက်ပါလာသည့် ကားကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာ ကွယ် ရေး ပြောက်ကျားတပ်ဖွဲ့က မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ရာတွင် ခရီးသွားပြည်သူများကို မထိခိုက်အောင် ရှောင်ကွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၉ ရက် နေ့လည် ၁ နာရီခွဲခန့် အချိန် သရက်ချောင်းမြို့နယ် ရဲစခန်းကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက် ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားထိခိုက် သေဆုံးမှု ကို အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မြင်းမူးတွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ်တိုက်ခိုက်

============================

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းရွာနှင့် ညောင်ပင်ဝန်းကျေးရွာကြား နဘဲကြူး ဇရပ်အနီး ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People Revolution Force Kyaukse ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီအချိန် စစ်သား ၂၀ ဦးခန့်ဖြင့် နဘဲကြူးဇရပ် အနီးလမ်းဘေးခြံထဲတွင် ကင်းပုန်းဝပ်နေကြစဉ် PDF တပ်များက လက်လုပ် ၄၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အထိအခိုက် အသေအဆုံး အတိ အကျမသိသေး သော်လည်း ပြင်းထန်ဒဏ်ရာများ ရရှိနိုင်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို People Revolution Force Kyaukse အမရ စစ်သည် တော်ကာကွယ်ရေးအဖွဲ့၊ Farmer Revolution Force(SGG) ၊ Kyaukse District Defense Force PDF နှင့်တောင်သာ PDF မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်တွင် စစ်ရေယာဥ်များကို မိုင်းဆွဲမှု စစ်သား ၇ ဦး သေဆုံး

=====================================

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်သားများ လိုက်ပါလာ သည့် ကျောက်စုပ်မော်တော်အား တစ်ဖက်ပွင့် မိုင်းအလုံး ၄၀ ကျော်ဖြင့် တိုက် ခိုက်ရာ စစ်သား ၇ ဦး သေ ဆုံးခဲ့ကြောင်း Monywa Peregrine PDF ထံမှ သိရှိရ သည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၉ နာရီခန့်အချိန် စစ်တပ်က ကျောက်စုပ် မော်တော် တစ်စီးကို အကြမ်းဖက်လုယူပြီး အင်အား ၇၀ ခန့်ဖြင့် စုန်ဆင်း လာရာ မော်တော်ကို ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှ တဖက်ပွင့် ပဒေသာ မိုင်း ၂၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ကံကြီးကုန်း ရွာမှ အကြမ်းဖက်စစ်သား ပျူစောထီးအင်အား ၅၀ ခန့်သည် ချင်းတွင်းမြစ် ကြောင်း အတိုင်း ကျောက်စုပ်မော်တော်ယာဉ်ဖြင့် ပြန် လည်ဆန်တက် လာစဉ် တဖက်ပွင့် ပဒေသာမိုင်း ၂၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေ ဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Monywa Peregrine PDF ၊ မုံရွာခရိုင် တပ်ရင်း ၉ ၊ ဗန္ဓုလနှင့် အဖွဲ့သားများ၊ လင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဇာမဏီပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ပခုက္ကူတွင် စစ်တပ်ကို ၃ ကြိမ် တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံးနိုင်

========================================

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းနှင့် တပ် စခန်း များကို ၃ ကြိမ်မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၁၈ ဦး သေဆုံးနိုင်ကြောင်း Special Guerrilla Force – Pakokku တာဝန်ခံ ဗိုက်ကလေးက ပြောဆိုသည်။

ပထမ အကြိမ် တိုက်ခိုက်မှုသည် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပခုက္ကူ-မြိုင် ကားပိုင်းတွင် အင်အား ၆၀ ခန့်ပါ စစ်ကားတစ်စီးကို ဒေသခံ ကာကွယ် ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး ပွဲချင်းပြီးသေဆုံးကာ ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် တိုက်ခိုက်မှုသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက ပခုက္ကူ တက္ကသိုလ်တွင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ၄၀ မမ ၅ လုံးဖြင့် ပစ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တတိယအကြိမ် တိုက်ခိုက်မှုသည် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပခုက္ကူ တပ်မ ၁၀၁ မှ စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသည့် Hijet ကားကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၆ လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးသေကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Special Guerrilla Force – Pakokku တပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ခံ ဗိုက်ကလေးက ပြောဆိုသည်။

ရွှေဘိုတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

======================================

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပြည်သူပိုင်စပါးခင်းများကို စပါးရိတ်စက် ၁၃ လုံးဖြင့် ခိုးရိတ်ရန်လာ သော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ် သား ၃ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီးမုန်တိုင်းတပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက် နေ့လည် ၁၁ နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ပလိုင်း ကျေး ရွာနှင့် ရွာသာကျေးရွာ မှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ပြည်သူ ဦးတင်နိုင်၊ ဦးအောင်သင်း ပိုင် စပါးခင်းတို့ကို ရိတ် သိမ်းရန် အင်အား ၃၀ ခန့်ဖြင့် ပလိုင်းကန်တော်ရိုးအတိုင်း ထွက်ခွာလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အ ကြမ်း ဖက် စစ်သား၊ ပျူစောထီး ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို လျှပ်စီးမုန်တိုင်းတပ်ဖွဲ့ ၊ SBDF တပ်ဖွဲ့နှင့် မဟာမိတ် တပ်ဖွဲ့များပူးပေါင်းကာ ပြင်းအားမြင့်စလစ်မိုင်းတစ်လုံးနှင့် PVC ၄ လက်မ မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article