32 C
Yangon

တန့်ဆည်တွင် ကျေးရွာ ၁၃ ခုမှ နေအိမ် ၅၉၀ လုံးနှင့် ရေဦးမှ ကျေးရွာ ၁၉ ခုကို စစ်တပ်က မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်က ဒီဇင် ဘာလ ၄ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကျေးရွာပေါင်း၁၃ရွာမှ နေအိမ် ၅၉၀ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မ(၃၃)လက်အောက်ခံ ခမရ ၃၆၁ နှင့် ခမရ ၃၆၉ စစ်ကြောင်းများက သာခေါင်ကြီးရွာမှ နေအိမ် ၇၆ လုံး၊ ကမ်းဖြူရွာမှ ၄၀လုံး၊ ဝက်တိုးရွာမှ ၁၇လုံး၊ ပုတီးရွာမှ ၆လုံး၊ ပေချောင်ရွာမှ ၉၇လုံး၊ ထန်းကုန်းကြီးရွာမှ ၇၅လုံး၊ မူးကျင်းစုရွာမှ ၇၃လုံး၊ သာဂလရွာမှ ၄၁လုံး၊ သာဂရရွာမှ ၁၁၇လုံး၊ ထန်းပင်ကုန်းရွာမှ ၂၉လုံး၊ ရွာရှည်(မ)ရွာမှ ၆လုံး၊ ဂွေးကုန်းရွာမှ ၁၀လုံးနှင့် ဖလံချိုင်ရွာမှ ဆန်စက်နှင့် ဆီစက်တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သာခေါင်ကြီးရွာ၊ ပေချောင်ရွာ၊ ထန်းကုန်းကြီးရွာ၊ မူးကျင်းစုရွာ၊ သာဂရရွာနှင့် ထန်းပင်ကုန်းရွာ များ ကို အကြမ်းဖက်စစ်တပ်က ရွာလုံးကျွတ် ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး ဂွေးကုန်းရွာအနီးရှိ ပြည်သူပိုင် စပါးခင်းများကိုလည်း စစ်တပ်က ရိတ်သိမ်းသွားခဲ့ကြောင်း စစ်ဘေး ရှောင်ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဒီတစ်ခေါက်စစ်ကြောင်းထိုးတော့ စစ်ခွေးတွေက ရွာတွေကို ရွာလုံးကျွတ်နီးပါးအထိကို ရှို့သွားတာ။ ပြည်သူတွေ စစ်ဘေးရှောင်နေရတုန်းမှာ ပြည်သူပိုင်စပါးခင်းတွေကိုလည်း ရိတ်သိမ်းပြီးတော့ ပျူစော ထီး ရွာတွေဘက် ယူသွားတယ်”ဟု သူကပြောသည်။

တန့်ဆည်မြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ် ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ၃ကြိမ်ဖြစ်ပွားခဲ့ရာတွင် ‌စစ်ကောင်စီတပ်ဘက်မှ ထိခိုက် သေဆုံး မှု များပြားသကဲ့သို့ TCRF-PLA အဖွဲ့မှ ရဲဘော်ပီတာလည်း ဒီဇင်ဘာလ၁၆ရက်နေ့တိုက်ပွဲတွင် ကျဆုံး ခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ တတိယအပတ်အတွင်း စစ်တပ်က ရေဦးမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၉ရွာမှ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယခုသီတင်းပတ်အတွင်း မီးရှို့ခံရသော ကျေးရွာများမှာ-

၁။ ရှာမိဿာရှာ

၂။မုတ်စီရွာ

၃။ ချမ်းသာရွာ

၄။ ကုန်းသာရွာ

၅။ရွာသစ်ရွာ

၆။ထန်းပင်ကုန်းရွာ

၇။ ဆည်ကြီးရွာ

၈။ ပေါက်သာရွာ

၉။ ဇိန့်ဇွန်းရွာ

၁၀။ပိဋိကက်ကျရွာ

၁၁။ ဇဝရှာ

၁၂။ ဝက်ဖိုးရွာ

၁၃။ ငှက်ပျောတောရွာ

၁၄။ တောင်ကုန်းရွာ

၁၅။ ချောင်းဆုံရွာ

၁၆။ သရက်ကန်ရွာ

၁၇။ မိုးဒေါင်ရွာ

၁၈။ ကွမ်းအုံရွာ

၁၉။ညောင်ပင်သာရွာ တို့ဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- တန့်ဆည်မှ မီးရှို့ခံရသော နေအိမ်များနှင့် စစ်ဘေးရှောင်ကြသည့် ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article