29 C
Yangon

တန့်ဆည်တွင် စစ်တပ်က အိမ်ခြေ ၃၆၀၀ ကို မီးရှို့ဖျက်ဆီး ၊ ၂ ရက်အတွင်း တွင်ပင် အိမ်ခြေ ၇၀၀ ခန့်ကို စစ်ကောင်စီတပ်က မီးတင်ရှို့သွားခဲ့

Must read

တန့်ဆည်တွင် စစ်တပ်က အိမ်ခြေ ၃၆၀၀ ကို မီးရှို့ဖျက်ဆီး ၊ ၂ ရက်အတွင်း တွင်ပင် အိမ်ခြေ ၇၀၀ ခန့်ကို စစ်ကောင်စီတပ်က မီးတင်ရှို့သွားခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်က ဒီဇင်ဘာလ၂၀ရက်နှင့် ၂၁ရက် နှစ်ရက်အတွင်း ကျေးရွာ၃ ရွာမှ နေအိမ် ၇၀၀ ခန့် ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်တပ်က ဖျက်ဆီးခဲ့သော အိမ်ခြေ ၃၆၀၀ ရှိ လာပြီဖြစ်ကြောင်း ဒေသပြည်သူများက ပြောသည်။

တန့်ဆည်မြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ ငတန်းရွာမှ နေအိမ်၄၅၀ခန့်၊ ကလ ဇင် ကျေးရွာမှ အိမ်ခြေ ၁၅၀ ခန့်၊ ရွှေလှန်ရွာမှ နေအိမ် ၉၁ လုံးနှင့် တပ် သစ် ရွာမှ ဆိုင်ကယ်၇စီးတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း စစ်ဘေးရှောင်ဒေသခံတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနသို့ ပြောဆိုသည်။

“ငတန်းရွာလည်း တစ်ရွာလုံးပြောင်ပြီ၊ ဒီတစ်ခေါက်ဝင်တဲ့စစ်ကြောင်းက ရွာ တိုင်း ကို ရွာလုံးကျွတ်တဲ့အထိ ရှို့ပြီး ဖျက်ဆီးနေတာ။ ကိုယ့်အိမ်၊ ကိုယ့်ရွာ မ ဟုတ်တိုင်း ဖျက်ဆီးနေကြတာ။ဘာမှ ရစရာမရှိတော့ဘူး”ဟု သူကပြောသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၂ ဒီဇင်ဘာလအထိ တန့်ဆည်မြို့နယ်မှ နေအိမ်၃၆၀၀ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

တန့်ဆည်မြို့နယ်တွင် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၂၁ ရက်နေ့ အထိ စစ်ကြောင်း ထိုးခဲ့ သော ခမရ ၃၆၁ နှင့် ခမရ ၃၆၉ စစ်တပ်က သာခေါင်ကြီး၊ ကမ်းဖြူ၊ ဝက်တိုး၊ ပုတီး၊ ပေချောင်၊ ထန်းကုန်းကြီး၊ ထန်းပင်ကုန်း၊ မူးကျင်းစု၊ သာဂရ၊ သာဂလ၊ ရွာရှည်(မ)၊ ဂွေးကုန်း၊ ဖလံချိုင်၊ ငတန်းရွာနှင့် ရွှေလှန်ရွာစသည့် ကျေးရွာ၁၅ရွာ တို့မှ နေအိမ် ၁၁၃၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တန့်ဆည်တွင် စစ်တပ်က ယခုဒီဇင်ဘာလအတွင်း မီးတင်ရှို့ခဲ့သော ကျေးရွာတစ်ခုမှ ပြည်သူ ပိုင် နေအိမ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article