31 C
Yangon

တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူ့ရဲဘော်များကို ရှေ့တန်းစစ်မျက်နှာ အထိ သွားရောက် ကုသပေးမည့် ရွေ့လျားခွဲစိတ်ခန်း စီမံချက်တွင် ပါဝင်ကြရန် နှိုးဆော်

Must read

တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူ့ရဲဘော်များကို ရှေ့တန်းစစ်မျက်နှာ အထိ သွားရောက် ကုသပေးမည့် ရွေ့လျားခွဲစိတ်ခန်း စီမံချက်တွင် ပါဝင်ကြရန် နှိုးဆော်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များနှင့် တိုင်းရင်းသားတော်လှန် ရေးရဲဘော်များ ထိခိုက်ဒဏ်ရာ ရရှိပါက ရှေ့တန်းစစ်မျက်နှာအထိ သွားရောက်ကုသပေးနိုင်မည့် ရွေ့လျား ခွဲစိတ် ခန်း စီမံချက်ကို အကောင်အထည်ဖော်နေပြီး ပြည်သူများပါဝင်ကြရန် CDM ဆရာဝန်များက နှိုးဆော် ထားသည်။

အဆိုပါ ရွေ့လျား ခွဲစိတ်ခန်း စီမံချက်ကို တောင်ပိုင်းတိုင်းစစ်ဒေသတွင် အကောင် အထည်ဖော်မည်ဖြစ်ပြီး ရွေ့လျားခွဲစိတ်ခန်းကို ရှေ့တန်းစစ် မျက်နှာ အထိ သွားရောက်ကုသမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အဆိုပါ စီမံချက် အတွက် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

“ရှေ့တန်းနဲ့ အနီးဆုံးနေရာအထိ ခွဲစိတ်ကုသပေးနိုင်မယ့် ရွေ့လျားခွဲစိတ်ခန်း တစ်ခု တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းများဝယ်ယူရန် လှူပေးနိုင်မယ့် Project လေးပါ။ ကားကြီးနောက်ခန်းတွဲမှာ ခွဲခန်းတည်ဆောက်ပြီး ရွေ့လျား သွားလို့ရတဲ့ ပုံစံလေးပါ။ လူနာများကို ခွဲစိတ်နိုင်ဖို့ လိုအပ်တဲ့ ခွဲခန်းပစ္စည်းတွေ၊ မေ့ဆေးပစ္စည်းတွေ၊ ခွဲစိတ်ကိရိယာတွေ၊ အရေးကြီးဆေးဝါးတွေ၊ ဓာတ်ခွဲခန်း ပစ္စည်း တွေ၊ ဆေးရံပုံငွေထားဖို့တွေ အတွက် အလှူငွေတွေ လှူဒါန်းနိုင်မှာ ဖြစ်ပါ တယ်။ မိမိ လှူချင်တဲ့ ခေါင်းစဉ်အတိုင်း လှူပေးနိုင်ပါတယ်။ ဥပမာ မေ့ဆေး ပစ္စည်းများ ဝယ်ယူရန် ၅၀၀၀၀၀ ကျပ် လှူပါသည် ဆိုတဲ့ ပုံစံမျိုး လေး ပါ။ မိဘပြည်သူများ လှူဒါန်းသည့် အလှူငွေများအားလုံးကို mobile OT တည် ဆောက်ရာတွင် သက်ဆိုင်ရာခေါင်းစဉ်အလိုက် သုံးစွဲသွားမှာ ဖြစ်ပါတယ်။ တောင် ပိုင်းတိုင်းက တော်လှန်ရေးရဲဘော် ၂၀၀၀ ကျော်ကို ထိထိ ရောက် ရောက် ကူညီကယ်တင်ပေးနိုင်မယ့် Project လေး ဖြစ်ပါတယ်” ဟု အဆိုပါ ပရော ဂျက်က တရားဝင်ထုတ်ပြန်သည်။

စီမံချက်ကာလသည် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၀၂၃ ခုနှစ် ၁၄ ရက်နေ့အထိ စုစုပေါင်း ရက် ၂၀ အလှူငွေ လှူဒါန်းနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် စိတ် တိုင်းကျ ပါဝင်လှူဒါန်းနိုင်ကြောင်း၊ ရွေ့လျားခွဲခန်းတစ်ခုနိုင်ပါက တော် လှန် ရေးရဲဘော်များ၏ အသက် ပိုမို ကယ်တယ်နိုင်ကြောင်း ၊ တော်လှန်သော မိဘ ပြည်သူအနေဖြင့် သေနတ် မလှူရဲသည့် ပြည်သူများ လှူဒါန်းနိုင်ကြောင်း တိုက်တွန်းထားသည်။

ရွေ့လျားခွဲစိတ်ခန်း စီမံချက်တွင် ပါဝင်လှူဒါန်းလိုသည့် ပြည်သူများအနေဖြင့် ထောက်ပို့ Facebook Page ဖြစ်သည့် https://www.facebook.com/HtoutPhoet တွင် ကြည့်ရှု လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article