37 C
Yangon

ထန်းတပင်တွင် စစ်ဗိုလ်၏ ယောက္ခထီး အုပ်ချုပ်ရေးမှူး ဌေးအောင် ပစ်ခတ် ခံ ရပြီး သေဆုံး ၊ အမရပူရတွင် ကြံ့ဖွတ်ပါတီဝင် နေမျိုးအောင်နှင့် တူ ဖြစ်သူတို့ ပစ် ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ပဲခူတိုင်း၊ တောင်ငူခရိုင် ၊ ထန်တပင်မြို့နယ်၊ ကျီတော်ကျေးရွာအုပ်စုတွင် စစ် ကောင်စီ လက်အောက်ခံ ခမရ ၄၀၂ တပ်မှ ဗိုလ်ကြီး ရဲဝင်း အောင် ၏ ယောက္ခ ထီး ဖြစ်သူ အုပ်ချုပ်ရေးမှူး ဌေးအောင်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များက ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပစ်ခတ်ရာမှ သေဆုံးသွား ကြောင်း Bago Region PDF ကပြောသည်။

“အဲဒီ အုပ်ကြီးက ရွာသားတွေအပေါ်ယုတ်မာတာတွေ လုပ်တယ်။ သမက်က စစ်ဗိုလ်ဆိုတော့ သမက်အားကိုးနဲ့ မိုက်နေတာ။ ကျန်တဲ့ပျူစောထီး တချို့ အဖွဲ့ တွေ သူ့သတင်းကြားပြီး တိမ်းရှောင်နေကြတယ်” ဟု ဒေသပြည်သူ တစ်ဦး က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဌေးအောင်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့က အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရပြီး သားမက် ဗိုလ်ကြီး အားကိုး ဖြင့် ပြည်သူလူထုအပေါ် ထင်တိုင်းကျဲ အနိုင်ကျင့် ဗိုလ်ကျ နေသဖြင့် ထန်းတပင်ပကဖ (ကျွဲရိုင်းအဖွဲ့)က နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ စစ်ဆင်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Bago Region PDF ကထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း ၊ အမရပူရမြိုနယ် ကွမ်းသီးတန်းလမ်း၊ ကံပွင့် ကွမ်း ယာ ဆိုင်တွင် ကြံ့ဖွတ်ပါတီဝင် နေမျိုးအောင်နှင့်တူဖြစ်သူတို့ ယနေ့ ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် အမရပူရမြို့နယ် ၊ ကွမ်းသီးတန်းလမ်း ၊ ကံပွင်ကွမ်းယာဆိုင်ပိုင်ရှင် ကြံ့ခိုင်ရေးပါတီ အမာခံ နေမျိုးအောင် နှင့်အတူ တူ ဖြစ် သူ စည်သူဝင်းအောင် တို့ကို ဆိုင်ကယ်သမားတချို့က ပစ်ခတ်ရာ နေရာ တွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

” နေမျိုးအောင်က နဖူးကို တစ်ချက်တည်းပစ်ခံရတာ။ စည်သူဝင်းအောင်က နားထင်ကို ပစ်ခတ်ခံရတာ။ နှစ်ဦးစလုံး ပွဲချင်းပြီး ဆုံးတယ်။ နေမျိုးအောင် ကတော့ ကြံ့ဖွတ်ပါတီဝင် ဆိုတာ မှန်ပါတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောသည်။

ယင်းနောက် စစ်တပ်က အလောင်းလာရောက်သယ်ဆောင်ပြီး လမ်းပိတ်များ ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင် ကြောင်း၊ သို့ရာတွင် ပစ်ခတ်သွားသူများကို ဖမ်းဆီး ရမိခြင်း မရှိကြောင်း သိရှီရသည်။

ဓာတ်ပုံ- အမရပူရမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင် နေမျိုးအောင်နှင့်တူဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article