36 C
Yangon

ထိုင်းအစိုးရက ဦးဆောင်ပြုလုပ်သော မြန်မာ့အရေး ဆွေးနွေးပွဲသို့ အာဆီယံ ၏ အဓိက နိုင်ငံကြီးများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင် မတက်ရောက်

Must read

ထိုင်းအစိုးရက ဦးဆောင်ပြုလုပ်သော မြန်မာ့အရေး ဆွေးနွေးပွဲသို့ အာဆီယံ ၏ အဓိက နိုင်ငံကြီးများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင် မတက်ရောက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ထိုင်းအစိုးရက မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော်လည်းအာဆီယံ၏ အဓိက နိုင်ငံကြီးများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင် မတက်ရောက်ကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ယနေ့ ကျင်းပသော ထိုင်းအစိုးရ၏ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲသို့ စစ်ကောင်စီဘက်မှ ဝဏ္ဏမောင်လွင်၊ ကံဇော်၊ကိုကိုလှိုင်တို့ တက်ရောက်ခဲ့ပြီး ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ်နှင့်ထိုင်း နိုင်ငံ တို့ ဝန်ကြီးတချို့သာ တက်ရောက်ခဲ့ကြသည်။

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်း၊ လာအိုနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဆလုံးဆေးကိုမာဆစ်နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒိုဟုန်ဗီယက်တို့ တက်ရောက်ကြောင်း သိရှိရသည်။

ထိုင်းအစိုးရက အာဆီယံနိုင်ငံများအားလုံးကို မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက် ရန် ဖိတ်ကြား ခဲ့သော်လည်း စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့က တက်ရောက်ခြင်းမပြုဘဲ ပယ်ချ လိုက် ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ထိုင်းအစိုးရက ဦးဆောင်ပြုလုပ်သော မြန်မာ့အရေး ဆွေးနွေးပွဲ မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article