36 C
Yangon

ထီးချိုင့်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့နေပြီး အင်းရွာကိုလည်း မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အတွင်းရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်နှင့် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ထီးချိုင့်မြို့နယ်အတွင်းရှိ ပဲခင်း၊ ရွှေချောင်းနှင့် ဘိုတဲကုန်း ကျေးရွာ တို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲက မရှိဘူး။ ဒီတိုင်းကိုရှို့နေတာ တောင်ခြေနဲ့ ကပ်တဲ့နေရာဆို အကုန်ရှို့ နေတာပါ။ ဒီနေ့ရှို့တာ သုံးရွာရှိသွားပြီ အရပ်သားတွေကတော့ ရှောင်နေကြရတယ်။ ရွှေကျောင်းက နေအိမ် သုံးရာကျော်ရှိတယ်။ ပဲခင်းကတော့ နေအိမ် နှစ်ရာကျော်ရှိတယ်။ နေအိမ် ဘယ်လောက် မီးထဲပါသွားလဲ ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အင်းရွာစံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က အင်းရွာစံပြကျေးရွာကို မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်း သိရသည်။

” အကြမ်းဖက် စစ်တပ်က ကသာမြို့နယ် အင်းရွာစံပြကျေးရွာကို မီးရှို့နေတယ်။ မီးခိုးတွေ အူထွက်နေတာနံနက်က သူတို့ လက်နက်ကြီးတွေနဲ့ ထုနေတာပြီး မွန်းလွဲပိုင်းမှာ မီးတင်ရှို့နေတာ အခုတော့ ရွာသားတွေ ထွက်ပြေးနေကြတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် ယနေ့ မွန်းလွဲပိုင်း၌ မီးရှို့ဖျက်ဆီးနေသော အင်းရွာစံပြကျေးရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article