26 C
Yangon

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး ၊ လူငယ် ၃ ဦး အပါအဝင် ကျောင်းသား လူ ငယ် ၁၀ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် သေဒဏ်အမိန့်များ စစ်တပ်က ချမှတ်ထားမှု အတည်ပြုနိုင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး ၊ လူငယ် ၃ ဦးကို စုစုပေါင်း ကျောင်းသား လူငယ် ၁၀ ဦးကို နိုဝင် ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီ၏ စစ်ခုံရုံးက သေဒဏ်အမိန့်များ တစ်ပြိုင် နက် တည်း ချမှတ်ထားမှုကို ရန်ကုန် ခေတ်သစ်၏ သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုကြသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နိုဝင်ဘာလ ၃၀ ရက်နေ့ သေဒဏ်ချမှတ်ခံရသော ကျောင်း သား လူငယ် ၁၇ ဦးအနက် ၁၀ ဦးကို နာမည်နှင့်တကွ ဖော်ထုတ်နိုင် ပြီဖြစ်ပြီး ကျန် ၇ ဦး၏ အမည်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်သည့် မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင် မောင်၊ မောင်ဇော်လင်း နိုင်၊ မောင်သီဟထက် ဇော်၊ မောင်ဟိန်းထက် ၊ မောင် သက် ပိုင်ဦး၊ မောင်ခန့်လင်း မောင်မောင်တို့ကို ဖက်ဆစ် ဆန့်ကျင်ရေး လက်ရုံး တပ်ဖွဲ့တွင်ပါဝင် သည် ဆိုသော စွပ်စွဲမှု ၊ ယခုနှစ် ဧပြီလ ၁၈ ရက်နေ့ ဒဂုံ တောင် တွင် ကမ္ဘာ့ရတနာ ဘဏ် မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံး ခဲ့မှုတွင် ပါဝင် ပတ်သက်သည်ဆိုသော စွပ်စွဲမှုများဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်တရားရုံးက သေဒဏ် ချမှတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယခုနှစ် မေလ ၂၄ ရက်နေ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၅ ရပ် ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်သန်းကို ပစ်ခတ်သတ်ဖြတ်သည်ဟုဆိုကာ မောင်မင်းထက်သာ၊ မောင်ဝေဇင်ယံ၊ မောင်သူ ထူးအောင်တို့ကို မြောက်ဒဂုံမြို့ နယ်စစ်ခုံရုံးက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သေဒဏ်များ ချမှတ် လိုက်ကြောင်း သိရှိရသည်။

“မောင်မင်းထက်သာ၊ မောင်ဝေဇင်ယံနဲ့ မောင်သူထူးအောင်တို့က ဒီနှစ် ဇွန်လ ၁၀ ရက်​နေ့ တာ​မွေမြို့နယ်မှာဖမ်းဆီးခံရတာပါ။ အဲဒါ မြောက်ဒဂုံ-အမှု ၃၀၂/၃၄ နဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သေဒဏ်ချမှတ်ခံရတယ်။အယူခံ ဝင်ဖို့ ရှိပါတယ်။ လှိုင်သာယာမှာလည်း အမှုရှိနေသေးတယ်” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။

“သေဒဏ်ချပြီးလို့ စစ်ခုံရုံးက ပြန်လာချိန် အချုပ်ကားပေါ်မှာ ရဲတွေက သေဒဏ် ကျ ကျောင်း သား တွေကို နှိပ်စက်တယ်။ ရဲနာမည်က ဒုရဲအုပ် ဟိန်းဇော်ဇော် ဆိုသူက မတရား ရိုက်နှိက်တာလို့ ပြောတယ်” ဟု အကျဉ်းသား များကို ကူညီ ပေးနေသူတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article