27 C
Yangon

ဒီပဲယင်းတွင် စစ်တပ်က ဒီဇင်ဘာလအတွင်း ကျေးရွာ ၂၂ ခုမှ ဘုန်းကြီးကျောင်းများ ၊ စာသင် ကျောင်းများ အပါအဝင် အိမ်ခြေ ၂၉၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့

Must read

ဒီပဲယင်းတွင် စစ်တပ်က ဒီဇင်ဘာလအတွင်း ကျေးရွာ ၂၂ ခုမှ ဘုန်းကြီးကျောင်းများ ၊ စာသင် ကျောင်းများ အပါအဝင် အိမ်ခြေ ၂၉၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်တပ်က ကျေးရွာ ၂၂ ခုမှ ဘုန်းကြီး ကျောင်းများ၊ စာသင်ကျောင်းများ အပါအဝင် နေအိမ် ၂၉၀၀ ကျော် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်း မြို့နယ် ညီနောင်များ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၇ ရက်နေ့ အထိ အကြမ်းဖက် စစ်တပ်က ဒီပဲယင်း မြို့နယ် အတွင်းရှိ ကျေးရွာ ၂၂ ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၉၀၀ ကျော်ပြာကျခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် က ကျေးရွာ ၄ ခုမှ ဘုန်းကြီးကျောင်း ၄ ကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးရာတွင် ပျော်ဘွယ်ရွာမှ နေအိမ် ၂၃ လုံး၊ မဲအိုးရွာမှ နေအိမ် ၈၄ လုံး၊ ညောင်ကြီးကုန်းရွာမှ နေအိမ် ၆၅ လုံး၊ လက်ယက်ကုန်းရွာမှ နေအိမ် ၁၈၆ လုံး၊ မူးခံတွင်းရွာမှ နေအိမ် ၁၆၃ လုံး၊ ညောင်လှရွာမှ နေအိမ် ၂၀၃ လုံး၊ ကံကုန်းရွာမှ နေအိမ် ၁၄ လုံး၊ ဝဲကြီးရွာမှ နေအိမ် ၈၅ လုံး၊ သပြေသာရွာမှ နေအိမ် ၂၅ လုံး၊ ရုံးသာရွာမှ နေအိမ် ၃၁ လုံး၊ နများ ရွာမှ ၃၁၈ လုံး၊ ယဥ်ကျေးရွာမှ နေအိမ် ၁၆ လုံး၊ မူးရိုးကုန်းရွာမှ နေအိမ် ၈၈ လုံး၊ ဘန့်ဘွေးရွာမှ နေအိမ် ၂၀ လုံး၊ အင်ပင်ရွာမှ နေအိမ် ၂၅၀ လုံး၊ ကုန်းတဲရွာမှ နေအိမ် ၇၅ လုံး၊ ကုန်းကြီးရွာမှ နေအိမ် ၁၃ လုံး၊ ပေါက်ရင်းရွာမှ နေအိမ် ၁၀ လုံး၊ ချောင်းပေါက်ရွာမှ နေအိမ် ၃၂ လုံး၊ အေးသာယာ (ပျံကျ ကျေးရွာ) မှ နေအိမ် ၄၀၀ ကျော်ခန့်နှင့် ကြည်ကျေးရွာ နေအိမ် ၃၀၀ ခန့်၊ ဘုရားထွက် ကျေးရွာမှ နေအိမ် ၄၀၀ ခန့် ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှရွာမှ ကံဦးဘုန်းကြီးကျောင်း၊ ယဉ်ကျေးရွာမှ ယဉ်ကျေး တော ဘုန်းကြီး ကျောင်း၊ မူးရိုးကုန်းရွာမှ ရန်ကွင်းကြီး ဘုန်းကြီးကျောင်းနှင့် ညောင်ကြီးကုန်းရွာမှ ညောင်ကြီးကုန်းဘုန်းကြီးကျောင်းတို့ကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article