26 C
Yangon

ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ ပြီး အမျိုးသမီး ၂၀ ဦးကို ဖမ်းဆီးထား

Must read

ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ ပြီး အမျိုးသမီး ၂၀ ဦးကို ဖမ်းဆီးထား

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့်ဘုရားထွက်ကျေးရွာကို စစ်တပ်က ယနေ့ညနေပိုင်းတွင် မီးတင်ရှို့နေပြီး အမျိုးသမီး ၂၀ ဦးကိုလည်း ဖမ်းဆီး ထား ကြောင်း အဖြူရောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒီပဲယင်း) မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီမှစတင်ပြီး ဒီပဲယင်း ကြည်ရွာ၊ ဘုရား ထွက် ကျေးရွာတို့ကို စစ်တပ်က စစ်ကြောင်း ထိုး၍ မီးတင်ရှို့နေခြင်းဖြစ်ပြီး ကျေးရွာ ၂ ခုမှ အမျိုးသမီး ၂၀ ဦးကို ဖမ်းဆီးထားကြောင်း၊ လက်ရှိအချိန် နှစ်ရွာပေါင်း အိမ်ခြေ ၉၀၀ မှ ၁၀၀၀ နီးပါးရှိပြီး မည်မျှ မီးလောင်ကျွမ်းသည်ကို မသိရှိရသော်လည်း နေအိမ်အများအပြား မီးလောင်ဆုံးရှုံးမည့် အခြေအနေ ရှိကြောင်း သိရှိရသည်။

“ဒီနေ့ ကြည်ရွာနဲ့ ဘုရားထွက်ကျေးရွာနဲ့ မီတာ ၅၀၀ လောက်အကွာမှာ တိုက်ပွဲ ဖြစ် တယ်။ အဲဒါပြီးတော့ စစ်တပ်က ကြည်ရွာနဲ့ ဘုရားထွက်ကျေးရွာထဲကို ဝင်လာပြီး မီးရှို့တာပဲ။ ရွာတွေက ရွာချင်းကပ်နေတာဆိုတော့။ ပြီးတော့ အမျိုး သမီး ၂၀ ဦးကို စစ်တပ်က ဖမ်းဆီးထားတယ်” အဖြူရောင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိတွင် ဒီပဲယင်းမြို့နယ်တွင် စစ်ကြောင်းများ ထိုးလာ၍ ပြည်သူများက မိမိတို့၏ အသုံးအဆောင်များကို ယူဆောင် နိုင်ခြင်းမရှိဘဲ အသက်လု ထွက် ပြေး နေရကြောင်း၊ ဆောင်းတွင်းဖြစ်၍ တောတောင်ထဲတွင် အိပ်စက်နေရ သဖြင့် အရေးပေါ် အကူအညီများ လိုအပ်နေသဖြင့် ပြည်သူများက စစ်ဘေး ရှောင် ပြည်သူများကို ကူညီကြရန် အဖြူ ရောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှိုးဆော် တိုက်တွန်းသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article