28 C
Yangon

ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့် ဘုရားထွက်ရွာကို စစ်တပ်က မီးတင်ရှို့မှု အိမ်ခြေ ၇၀၀ ခန့် ပြာကျ

Must read

ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့် ဘုရားထွက်ရွာကို စစ်တပ်က မီးတင်ရှို့မှု အိမ်ခြေ ၇၀၀ ခန့် ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကြည်ရွာနှင့် ဘုရားထွက်ရွာကို အကြမ်းဖက် စစ်တပ်က မီး တင် ရှို့ခဲ့ရာ နေအိမ် ၇၀၀ ခန့် ပြာကျခဲ့ကြောင်း အဖြူရောင် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာ ဝန်ရှိသူ တစ်ဦးနှင့်ဒေသသတင်းရင်းမြစ် တချို့က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီပဲယင်းဒေသသတင်းရင်းမြစ်တချို့ကမူ စစ်တပ်၏ မီးရှို့မှုကြောင့် ဘုရား ထွက် ကျေးရွာတွင် အိမ်ခြေ ၄၀၀ ခန့်၊ ကြည်ရွာတွင် အိမ်ခြေ ၃၀၀ ခန့် စုစုပေါင်း အိမ် ခြေ ၇၀၀ ခန့် မီးလောင် ပြာကျသွားခြင်းဖြစ်သည်ဟု ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့် ဘုရား ထွက် ရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ဘုရားထွက်ရွာ နှင့် ကြည်ရွာမှ အိမ်ခြေရာပေါင်းများစွာ ပြာကျ သွားခဲ့ကြောင်း၊ လက်ရှိ အချိန် အထိ အရေအတွက် အတည်မပြုနိုင်သေးဘဲ နယ်မြေရှင်း လင်း လုပ် ဆောင် နေကြောင်း၊ ကြည်ရွာအတွင်း နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်စဥ် ပြည်သူပိုင် နေအိမ် အတွင်းတွင် မီးရှို့ထားသော ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့ရ ပြီး စစ်တပ်ဘက်မှ ပျူစောထီးနှင့် စစ်သား အလောင်းများ ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“၂ ရွာလုံးပေါင်းဆို အိမ်ခြေ ၉၀၀ နဲ့ ၁၀၀၀ နီးပါး ရှိမယ်။ မီးလောင်သွား တာ ကတော့ ရာဂဏန်း အထက်ပဲ။ စာရင်းကောက် နေတုန်းပဲ ရှိသေးတယ်။ ၂ ရွာ လုံးက လူပြန်စစ်တော့ လူအရေအတွက် ကွက်တိပဲ။ ဒေသခံတွေပြော တာ တော့ စစ်ခွေး အလောင်းလို့တော့ ပြောကျတယ်။ စစ်ခွေး စစ် ကြောင်းနဲ့ လိုက် လာ တဲ့ ပျူတွေနဲ့ ဒလန်တွေဖြစ်နိုင်တယ်။ အဲဒါက ယူဆရတာပေါ့။ အခု စစ် ခွေး စစ်ကြောင်းက မကျီးဇောက် ကျေးရွာရောက်နေတယ်။ ကြည်ရွာနဲ့ သိပ် မဝေးဘူး။ ပြည်သူတွေကတော့ ရွာထဲ ပြန်မဝင်သေးဘူး။ အခုက နယ်မြေ ရှင်း တုန်းပဲရှိသေးတယ်” ဟု အဖြူရောင် D.P.Y တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယမန်နေ့က စစ်တပ်က အမျိုးသမီး ၂၀ ဦးကျော်ကို ဖမ်းဆီးခဲ့သော်လည်း စစ်ကြောင်း ပြန်လည် ထွက်ခွာချိန်တွင် အမျိုးသမီးများအားလုံးကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article