36 C
Yangon

ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့် ယင်းတွေကျေးရွာကို အကြမ်း ဖက်စစ်တပ်က မီးရှို့ဖျက်ဆီး၊ စနိုက်ပါဖြင့် ပစ်ခတ်ခံရမှုကြောင့် စစ်သား တစ်ဦးသေဆုံး

Must read

ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့် ယင်းတွေကျေးရွာကို အကြမ်း ဖက်စစ်တပ်က မီးရှို့ဖျက်ဆီး၊ စနိုက်ပါဖြင့် ပစ်ခတ်ခံရမှုကြောင့် စစ်သား တစ်ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ကျေးရွာနှင့် ယင်းတွေကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဒီဇင် ဘာလ ၃၀ ရက် နံနက်ပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးခဲ့ရာ လက်ရှိအရေအတွက်အရ ၄၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စနိုက်ပါထိမှန်မှုကြောင့် စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း အဖြူရောင် DPY ထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းက ပန်းပုရွာ၊ သိမ္ဘာကျေးရွာတို့တွင် အထိုင်ချတပ်စွဲထားသော စစ်ကြောင်းသည် ကြည်ကျေးရွာကို ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်ဆီးပြီး ကြည်ရွာမှ ဘုရားထွက်(သာစည်)ကျေးရွာဘက်သို့ ထွက်ခွာကာ ကတ္တရာလမ်းဘေး တစ်လျှောက် နှစ်ဖက်ခွဲ ချီတက်ကာ ငြိမ်းချမ်းရွာသစ်ကျေးရွာသို့ ဝင်ရောက်သွားကြောင်း သိရသည်။

ထိုသို့ ငြိမ်းချမ်းရွာသစ်ရွာကို ဝင်ရောက်စဉ် FRF တပ်ဖွဲ့မှ ၄၀ မမ နှစ်ချက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ပြီးနောက် အကြမ်း ဖက်စစ်သားများက ငြိမ်းချမ်းရွာသစ်ရွာ ဘုန်းကြီးကျောင်းမှ တဆင့် ယင်းတွေကျေးရွာသို့ တရစပ် ဝင်ရောက်ကာ ပြည်သူ ပိုင် နေအိမ် ၄၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းအကြမ်း ဖက်စစ်သားများ ယင်းတွေကျေးရွာ စာသင်ကျောင်းသို့ ဦး တည်ထွက်ခွာလာစဉ် အဖြူရောင်တပ်ဖွဲ့မှ စနိုက်ပါဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတွေကျေးရွာထဲသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသော အကြမ်းဖက်စစ်သားများကို A2K အဖွဲ့မှလည်းပဒေ သာမိုင်း ၂ လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုရှိကြောင်း၊ ရှင်းလင်းရေးဝင်ရောက်ချိန်တွင် စစ်ခွေးများ၏ ယူနီဖောင်း၊ သွေးစက်များတွေ့ရှိခဲ့ရကြောင်း အဖြူရောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထား သည်။

Photo – ယင်းတွေကျေးရွာကို အကြမ်းဖက်စစ်သားများ မီးရှို့ဖျက်ဆီးသွားသော မြင်ကွင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article