32 C
Yangon

ဒီပဲယင်း၊ အေးသာယာရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၆၀၀ ကျော်ပြာကျပြီး ပြည်သူ ၃ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်

Must read

ဒီပဲယင်း၊ အေးသာယာရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၆၀၀ ကျော်ပြာကျပြီး ပြည်သူ ၃ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အေးသာယာရွာကို အကြမ်းဖက် စစ်တပ် ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၆၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ အေးသာယာရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် ဝင်ရောက် စီးနင်းမီးရှို့ခြင်းကြောင့် နေအိမ်​ ၆၀၀ ကျော် ပြာကျခဲ့​ကာ ကျေးရွာအတွင်း၌ နေအိမ်ခြေ ၃၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ကျေးရွာအတွင်း ဝင်ရောက် စီးနင်းချိန်၌ ဒေသခံ ပြည်သူ ၂ ဦးကို လက်ပြန်ကျိုးတုတ်ကာ မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း၊ ကျန်ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ် ကင်းပုန်မှ ပစ်ခတ် သတ်ဖြတ် သွားကြောင်း သိရသည်။

” ဒီပဲယင်း အနောက်ခြမ်းက အေးသာယာရွာ (ပျံကျ) ကျေးရွာကြီးကို စစ်ခွေးတွေ မီးရှို့လို့ အိမ်​​ခြေ ၆၀၀ ကျော်ပြာကျသွားတယ်။ စစ်ခွေးတွေက ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးသွားတာ ပြည်သူ ၂ ဦးကို လက်ပြန်ကျိုးတုတ်ပြီး မီးရှို့သတ်ဖြတ်သွားပါတယ်။ ကျန်ပြည်သူ ၁ ဦးကိုတော့ စစ်ခွေး ကင်းပုန်က ပစ်သတ်သွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article