30 C
Yangon

ဒီးမော့ဆို တွင် စစ်သားနှင့်ရဲများ လုံခြုံရေးစောင့်နေသည့် လူပုံစံ အရုပ်တုများ စစ်တပ်က ချထား၊ ကျေးရွာများတွင် မြေမြှုပ်မိုင်းများ အများအပြားထောင်သွား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ် တပ်စွဲခဲ့သည့် ကုန်းသာ၊သေး ဆူ လဲ၊ပူဖားနှင့် ဒေါကမီးကျေးရွာများတွင် နိုဝင်ဘာ ၂၈ ရက်တွင် တော် လှန် ရေးအဖွဲ့များက ပူးပေါင်းနယ်မြေရှင်းလင်းလုပ်ဆောင်ခဲ့ပြီး ပြည်သူများ နေထိုင် သော ကျေးရွာများကို စစ်တပ်က မိုင်းအများ အပြားထောင် သွားသည့်အပြင် လုံခြုံရေးစောင့်နေသည့် လူပုံစံ အရုပ်တုများ စစ်တပ်က ချထားသည်ကို တွေ့ရှိရကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီးမော့ဆိုနယ်မြေရှင်းလင်းရေးကို KNDF မှ ဦးဆောင်၍ ကရင်နီတပ်မတော် (KA) ၊အလယ်ပိုင်းတိုင်း အထူးစစ် ဆင်ရေး တပ်ဖွဲ့၊ DMO PDF၊ Loikaw PDF တို့က လုပ်ဆောင်ခဲ့ကြပြီး ကယားပူးပေါင်းတပ်ဖွဲ့၏ ပူးပေါင်းတိုက် ခိုက်မှု ကြောင့် စစ်ကောင်စီတပ်များက တပ်စွဲထားသော ကျေးရွာများမှ ဆုတ်ခွာ ခဲ့ရကြောင်းနှင့် အဆိုပါကျေးရွာများကို KNDFနှင့် ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေ ရှင်းလင်းနိုင်ခဲ့ပြီး ကုန်းသာကျေးရွာတွင် KRU တပ်များနေရာယူနိုင်ရန် နေရာချထားပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

“ကျနော်တို့နယ်မြေရှင်းလင်းတော့ ရဲပုံစံ လူအရုပ်တွေ ၂ ခု၊ ၃ ခုတွေ့တယ်။ လုံခြုံရေး လူရှိတဲပုံစံလုပ်ထားတာ။ သူတို့ဘက်က။ အခုအထိ ပစ်ခတ်မှု တွေ ဖြစ်နေတယ်။ စစ်ရေးတင်းမာနေပါတယ်” ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊သေးဆူလဲ၊ပူဖားနှင့်လဒေါကမီးအထိ အကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ထုတ်နိုင်ခဲ့သော်လည်း အဆိုပါ ကျေးရွာ များတွင် စစ်ဆင်ရေးမပြီးပြတ်သေးခြင်း မြေမြုပ်မိုင်းအန္တရာယ် ရှိနေခြင်းနှင့် လက်နက်ကြီးများ ကျရောက်သည့်အပြင် တိုက်ပွဲများဖြစ်ပွား နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ တွင် သေးဆူလဲကျေးရွာအတွင်းသို့ နေရပ်ပြန်ရောက် နေထိုင်သော ပြည်သူတစ်ဦး စစ်ကောင်စီတပ်မှ ထောင်ထားသော မြေမြုပ် မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ပြည်သူများအနေဖြင့် အဆိုပါကျေးရွာ များသို့ အစောတလျင် ပြန်လည်ဝင်ရောက်နေထိုင်ခြင်း လုံးဝမပြုလုပ်ကြ ရန်နှင့် KNDF က ထုတ်ပြန်သည့် စစ်ရေးသတင်းများကို ဂရုစိုက်စောင့်ကြည့် ပေးပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article