36 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၏ လရောင်တောစိုက်ပျိုးရေးတာဝန်ခံ အမေရိကန် နိုင်ငံသား စိုက်ပျိုးရေး ပညာရှင် ဦးကျော်ဌေးဦး နှင့်တွေ့ဆုံမေးမြန်းခြင်း (နိဂုံး)

Must read

”ဒေါ်အောင်ဆန်းစုကြည်ရဲ့ လရောင်တော စီမံကိန်းက စိုက်ပျိုးရေးကျောင်း စီမံကိန်း။ မြန်မာပြည်မှာ ၁၀ တန်း ၂ ခါကျတဲ့ကလေးတွေကို ခေါ်မယ်။ စိုက်ပျိုးရေးသင်တန်းပေးမယ်။ ၁ ဧက ကို သိန်း ၅၀ နဲ့ အစိုးရဆီမှာ မြေလျှောက်ပြီးယူတာ။ ဘာမှ အလကားယူတာ မရှိဘူး။ အဲဒီမြေကို ဘယ်သူကမှ မလိုချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တောင်ကုန်းကြီးဖြစ်နေလို့။ မြေကလည်း အရမ်းဆိုးတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ရွှေလယ်တော ဧက ၅၀၀ ဘာအခွန်မှ နိုင်ငံတော်ကို မပေးဘူး။ ကြံ့ဖွတ်ရုံးကြီး နေပြည်တော်မှာ အလကားယူထားတာ။ လ ရောင်တော စီမံကိန်းက အများပိုင်စိုက်ပျိုးရေးကျောင်း။ ဘာတစ်ခုမှ အလကားယူမထားဘူး”

ဒေါ်အောင်ဆန်းစုကြည်၏ လရောင်တောစိုက်ပျိုးရေးတာဝန်ခံ အမေရိကန် နိုင်ငံသား စိုက်ပျိုးရေး ပညာရှင် ဦးကျော်ဌေးဦး နှင့်တွေ့ဆုံမေးမြန်းခြင်း (နိဂုံး)

By ရန်ကုန်ခေတ်သစ်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ လရောင်တောစိုက်ပျိုးရေးတာဝန်ခံ စိုက်ပျိုးရေး ပညာရှင် မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသား ဦးကျော်ဌေးဦးဟာ ပြီးခဲ့တဲ့ နိုဝင် ဘာ ၁၇ ရက်နေ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်ရဲ့ စီးပွား ရေး အကြံ ပေးဖြစ်သူ သြစတြေးလျ နိုင်ငံသား ဒေါက်တာ ရှောင် တာနဲယ်၊ အရင် မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ဟောင်း ဗစ်ကီ ဘိုးမန်း၊ မှတ်တမ်း တင် ဗီဒီယို ရိုက်ကူးသူ ဂျပန်နိုင်ငံသား တိုရူ ကူဘိုတာ တို့နဲ့ အတူ ပြန်လည် လွတ် မြောက်လာခဲ့ပါတယ်။

အရှေ့အင်တာဗျူးတွေမှာ အမေရိကန်နိုင်ငံသား စိုက်ပျိုးရေးပညာရှင် ဦးကျော်ဌေးဦးက အကြမ်းဖက် စစ် ကောင် စီက သူ့ကို ဖမ်း ဆီး ခဲ့တဲ့အကြောင်း ကမ္ဘာပေါ်မှာ အရက်စက်ဆုံး လို့ ပြောရမယ့် အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကြောရေးကို ဖြတ်သန်းခဲ့ရတာတွေနဲ့ ထောင်ထဲက အတွေ့အကြုံတွေကို ပြောဆိုထား ပါတယ်။

အခု နိဂုံးပိုင်းမှာတော့ လရောင်တောစီမံကိန်းအကြောင်းနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေအပေါ် ဦးကျော်ဌေးဦးရဲ့ သဘောထားအမြင်တွေကို ရန်ကုန်ခေတ်သစ်က မေးမြန်းတင်ဆက် ထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article