29 C
Yangon

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရန်၊ စစ်တပ်က ကျူးလွန် နေသော အကြမ်းဖက်မှုများ ရပ်တန့်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ဆုံးဖြတ်ချက် ချမှတ်၊ NUG က ကြိုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် ၇၄ နှစ်တာကာလအတွင်း ပထမဆုံးသော ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့တွင် ချမှတ်ခဲ့ပြီး စစ်ကောင်စီ က ကျူးလွန်နေသော အကြမ်းဖက်မှု အဆုံးသတ်ရန်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက် ချင်း လွှတ်ပေးရန် ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဒ်ဝဒ်က ဗြိတိန်က တင် သွင်း သည့် အဆိုပြုချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြု လိုက် ခြင်းသည် စစ်တပ်ထံသို့ ခိုင်မာသော သတင်းစကား ပေးပို့လိုက်ခြင်း ဖြစ် ပြီး အဆိုပါဆုံးဖြတ်ချက်ကို အပြည့်အ၀ အကောင်အထည်ဖော်ရန် မျှော်လင့်သည် ဟုဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်နှင့်ရုရှားတို့က ဗီတိုအာဏာ အသုံး ပြုနိုင်သော အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများဖြစ်သော်လည်း မြန်မာ့အရေး အပြီး သတ် ဆုံး ဖြတ် ချက်ကို မကန့်ကွက်ကြတော့ဘဲ မဲမပေးဘဲ နေခဲ့ကြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် တရုတ်နှင့်ရုရှား၊ အိန္ဒိယတို့က မြန်မာ့အရေး ဆုံးဖြတ်ချက်အပေါ် မဲမပေးဘဲ နေခဲ့ကြပြီး ကျန်အဖွဲ့ဝင် ၁၂ နိုင်ငံက မြန်မာ့အရေး လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ကြသည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun က မြန်မာ့အကျပ် အတည်း ဖြေရှင်းရန်မှာ မြန်မာနိုင်ငံအပေါ်မှာသာ မူတည်ကြောင်း ပြောဆို သည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီး Vasily Nebenzia က မြန်မာနိုင်ငံ အခြေအနေသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှု အဖြစ် ရှုမြင်ခြင်းမရှိကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုင်တွယ် ဖြေရှင်းသင့်သည်ဟု မယူဆကြောင်း ပြောကြားခဲ့သည်။

မူလ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် ပါဝင်သော မြန်မာနိုင်ငံ သို့ လက်နက်လွှဲပြောင်းမှုများကိုပိတ်ဆို့အရေးယူရန်မှာမူ ဖြုတ် ပယ် ချခြင်းခံခဲ့ရသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် ပထမအဆင့်ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် အဆိုပါဆုံးဖြတ်ချက်မှ တစ်ဆင့် စစ်အာဏာရှင်နှင့် ၎င်းတို့ ကျူးလွန်သော ပြစ်မှု များ အဆုံးသတ်ရေး နောက်ထပ် ပြင်းထန်သော အရေး ယူမှု များ ဖော်ဆောင်ရန် တိုက်တွန်းသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်အပေါ် NUG အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထောက်ခံကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံ တွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရေးအတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် သက်ဆိုင်သူများ အားလုံးက ဆုံးဖြတ်ချက် အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင် ဖြစ် ပေါ်နေသည့် ဆိုးရွားသော အကျပ်အတည်းအတွက် လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ပေးရာတွင် တိုးတက်မှုတစ်ခုအဖြစ် ပြသနိုင်ရုံသာမက နိုင်ငံတကာ ငြိမ်ချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် စစ်တပ်၏ ခြိမ်း ခြောက် နေမှုကိုလည်း ပြသပေးနေကြောင်း၊ ထို့အပြင် ဆုံးဖြတ်ချက်အဆိုတွင် လူ့အခွင့် အရေးကို လေးစားလိုက်နာရန်နှင့် တရားဥပဒေစိုးမိုးရေး ဖော်ဆောင် ရန် လိုအပ်ကြောင်းကိုလည်း မီးမောင်း ထိုးပြကြောင်း NUG က ထုတ်ပြန် ထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် အဓိက အချက်တစ်ခု အနေဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင် ထားသည့် အကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုမှုသည် မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို လေးစားရန် ဖော်ပြထား ခြင်း ဖြစ်သည်ဟု NUG က ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် လူသားချင်းစာနာထောက် ထားမှု အကူအညီများကို ပြည့်ပြည့်ဝဝ လုံလုံခြုံခြုံ အဟန့်အတားမရှိ အကူ အညီ လိုအပ်နေသူများထံ ပေးအပ်နိုင်ရန် ၊ ရိုဟင်ဂျာဒုက္ခသည်များနှင့် ပြည် တွင်း နေရပ်စွန့်ခွာသူများ အနေဖြင့်လည်း ၎င်းတို့၏ ဆန္ဒအလျောက် ဘေးကင်း လုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ရေရှည်တည်တံ့ခိုင်မြဲစွာ နေရပ်ပြန်လည် သွားရောက် နိုင်‌ရေးအတွက် လိုအပ်သည့် အခြေအနေများကို ဖန်တီးပေးရန်လည်း ပါဝင် သည်။

စစ်ကောင်စီအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ထိရောက် စွာနှင့် လျင်မြန်စွာ ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အကောင် အထည် ဖော်မှု လုပ်ငန်းစဉ် အတွက် ကုလသမဂ္ဂက ထောက်ပံ့ပေးနိုင်မည့် အခြေအနေနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီထံ နှုတ်ဖြင့် အစီရင်ခံတင်ပြရန် ပါဝင်သည်။

သို့ရာတွင် NUG အမျိုးသားညီညွတ်ရေးအစိုးရက မျှော်မှန်းထားသည့် အချက် များ များစွာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် ပါဝင်လာမှု မရှိသေးကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့က ဤဆုံးဖြတ်ချက်အဆိုအပေါ်အခြေပြုကာ စစ် အာဏာရှင်စနစ်နှင့် ၎င်း၏ ရာဇဝတ်မှုများကို အပြီးတိုင် အမြန်ချုပ်ငြိမ်းရေးအတွက် ထို့ထက်ပို၍ ခိုင်မာ သော လုပ်ဆောင်ချက်များကို အချိန်မီဆောင်ရွက်ကြပါရန် မြန်မာပြည်သူ များကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။

ဓာတ်ပုံ- ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article