28 C
Yangon

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ထပ်မံ ချမှတ်၊ အမှုအားလုံးပြီးပြတ် သွားချိန် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထား

Must read

Breaking News – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ထပ်မံ ချမှတ်၊ အမှုအားလုံးပြီးပြတ် သွားချိန် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထား

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ယနေ့ ထောင်ဒဏ် ၇ နှစ်ထပ်မံချမှတ်ကြောင်း တရားရုံးသတင်းရပ်ကွက်က အတည်ပြုသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် အပေါ် မတရားအမှု ဆင် ဖမ်းဆီးထားသော အမှုလက်ကျန်များအတွက် စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း၊ မူလကလည်း ဒေါ်အောင်ဆန်း စုကြည် အပေါ် စစ်ကောင်စီက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ထားပြီးဖြစ်ရာ အမှုအားလုံးပြီးပြတ်ချိန်တွင် စုစုပေါင်းထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဥပဒေနှင့်မညီဘဲ အာဏာသိမ်းယူခဲ့ပြီး လက်ရှိအချိန်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ရန်၊ စစ်တပ်၏ အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုမှု နှင့်နိုင်ငံတကာ၏ ဖိအားများကို ငြင်းဆန်နေဆဲဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article